ကန်ပက်လက်မြို့တွင် လူမနေသည့် နေအိမ်များကို ချိပ်ပိတ်မည်ဟု စစ်ကောင်စီတပ် လိုက်လံပြောဆို

ကန်ပက်လက်မြို့တွင် လူမနေသည့် နေအိမ်များကို ချိပ်ပိတ်မည်ဟု စစ်ကောင်စီတပ် လိုက်လံပြောဆို
ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ၏ မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူတို့၏ အိုးအိမ်နှင့်ပစ္စည်းများပုံ။
ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ၏ မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူတို့၏ အိုးအိမ်နှင့်ပစ္စည်းများပုံ။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်ရှိ နေအိမ်များတွင်လူမနေသည့် နေအိမ်များကို နှစ်ပတ်အတွင်း ပြန်လည်နေထိုင်ကြရန်နှင့် လူမရှိ၍အိမ်ပိတ်ထားပါက ယင်းနေအိမ်များကို ချိပ်ပိတ်မည်ဟု စစ်ကောင်စီတပ်သားများမှ ယမန်နေ့က လိုက်လံပြောကြားနေကြောင်း ဒေသခံထံမှ သိရသည်။

''ကန်ပက်လက်မြို့ပေါ်မှာရှိတဲ့ လူနေအဆောက်ဦတွေမှာအိမ်ရှင်မရှိဘူးဆိုရင် နိုင်ငံပိုင်အဖြစ်ချိပ်ပိတ်သိမ်းဆည်းမယ်ဆိုပြီး စစ်သားတွေကလိုက်ပြောနေကြတယ်။ အချိန် နှစ်ပတ်ပေးမယ်ပေါ့၊ အခုလာမယ့် ၁၄ရက်နေ့နောက်ဆုံးထားပြီး လူမနေတဲ့နေအိမ်တွေ ပြန်လာနေကြဆိုပြီးလိုက်ပြောနေတယ်''ဟု ကန်ပက်လက်ဒေသခံတစ်ဦးကပြောသည်။

လက်ရှိ ကန်ပက်လက်မြို့ပေါ်တွင် အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက်နှစ်ခုရှိပြီး စစ်ကောင်စီတပ်များနှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(CDF-မင်းတပ် )တို့တိုက်ပွဲများဖြစ်ပွားခြင်း၊ လူနေအိမ်အဆောက်အဦးများ လက်နက်ကြီးကျည်ထိမှန်ခြင်း၊ ဘုရားကျောင်းများပျက်ဆီးခြင်းများနှင့် လက်နက်ကြီးကျည်ဆံနှင့်မိုင်းနင်းမိခြင်းတို့ကြောင့် သေဆုံးမှုများရှိနေသဖြင့် အများစုမှာ နေအိမ်များစွန့်ခွာပြီးစစ်ရှောင်နေကြရသည်။

ကန်ပက်လက်မြို့တွင် အိမ်ခြေ ၁၅၀၀ နှင့် လူဦးရေ ၅၀၀၀ ခန့် နေထိုင်ခဲ့ကြပြီး လက်ရှိတွင် အားလုံး နီးပါး မြို့ကိုစွန့်ခွာ၍ စစ်ဘေး တိမ်းရှောင် နေကြကြောင်းသိရသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...