နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အား စွဲဆိုထားသည့် အမှု ၃ ခု အပြီးသတ် စီရင်ချက်ချရန် ချိန်းဆို

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အား စွဲဆိုထားသည့် အမှု ၃ ခု အပြီးသတ် စီရင်ချက်ချရန် ချိန်းဆို

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသော သဘာဝဘေး ပုဒ်မ ၂၅ အမှု တစ်မှု အပါအဝင် အမှု သုံးခုကို ဇန်နဝါရီ ၁၀ ရက်တွင် အပြီးသတ် စီရင်ချက် အမိန့်ချမှတ်ရန် ဇဗ္ဗူသီရိမြို့နယ် တရားရုံးက ချိန်းဆိုသည်။

ယနေ့ရုံးချိန်းတွင် တရားလို ဦးညီညီ တိုင်တန်းထားသော သဘာဝဘေး အမှုအတွက် ရှေ့နေအဖွဲ့က ဇဗ္ဗူသီရိ တရားရုံးသို့ ရောက်ရှိခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် တရားခွင် စတင်ခဲ့ပြီး စွပ်စွဲခံသူ ရှေ့နေအဖွဲ့က ကြိုတင်ရေးသားလာသည့် လျှောက်လဲချက်ကို ရုံးတော်သို့ တင်ပြခဲ့သည်။

ဇဗ္ဗူသီရိမြို့နယ် အထူးတရားခွင် တရားသူကြီးက လက်ခံရယူပြီးနောက် အမှုအား ဇန်နဝါရီ ၁၀ ရက်နေ့တွင် အပြီးသတ် စီရင်ချက်အမိန့် ချမှတ်ရန် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပုဒ်မသုံးခုအတွက် အပြီးသတ်အမိန့် ချမှတ်ခံရမည် ဖြစ်သည်။

အပြီးသတ်အမိန့် ချမှတ်ခံရမည့် အမှုသုံးမှုမှာ ယနေ့ရုံးထုတ် စစ်ဆေးခဲ့သည် သဘာဝဘေး ပုဒ်မ ၂၅ အမှု အပါအဝင် ပို့ကုန်သွင်းကုန် ပုဒ်မ ၈ နှင့် ဆက်သွယ်ရေးပုဒ်မ ၆၇ အမှု တို့ဖြစ်သည်။

အသက် (၇၆) နှစ်ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၀၅ နှင့် သဘာဝဘေး အမှုတစ်ခုအတွက် ပြစ်ဒဏ်ချမှတ်ထားပြီး ဖြစ်သည်။

လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ယင်းအမှုသုံးမှုကို အမိန့်ချမှတ်ပြီးပါက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဆက်လက်ရင်ဆိုင်ရန် အမှု ခုနှစ်မှု ကျန်ရှိနေသေးသည်။

(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...