PDF အကြမ်းဖက်များရဲ့ မိုင်းကြောင့် ခြေထောက်ဖြတ်လိုက်တဲ့ ကလေးငယ် ဆိုပြီးတင်ထားတဲ့ သတင်းအမှား

PDF အကြမ်းဖက်များရဲ့ မိုင်းကြောင့် ခြေထောက်ဖြတ်လိုက်တဲ့ ကလေးငယ် ဆိုပြီးတင်ထားတဲ့ သတင်းအမှား

ချင်းပြည်နယ် မင်းတပ်မြို့တွင် ဒီဇင်ဘာလ ၅ ရက်နေ့ညနေပိုင်းက တောင်ယာသွားလုပ်ပြီး နေအိမ်သို့ပြန်လာသော မိသားစုတစ်စုသည် ၎င်းတို့ နေအိမ် ပတ်ဝန်းကျင် တွင် စစ်ကောင်စီတပ်ဖွဲ့မှ မြှပ်ထားခဲ့သော မိုင်းနင်းမိပြီး မိခင်ဖြစ်သူပွဲချင်းသေဆုံးပြီး လေးနှစ်အရွယ်သမီးဖြစ်သူ ခြေထောက်ပြတ်သွား၍ ပခုက္ကူဆေးရုံကို ပို့ဆောင်ထားခဲ့ရတာဖြစ်ပါတယ်။

 

ထိုမြေမြုပ်မိုင်းမှာ စစ်ကောင်စီဘက်က ထောင်ထားသည့်မိုင်းဖြစ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပေမယ့်လည်း PDF အကြမ်းဖက်များရဲ့ မိုင်းကြောင့် ခြေထောက်ဖြတ်လိုက်ရတယ်ဆိုပြီး သတင်းအမှားကို ဧရာဝတီစတားက ဒီဇင်ဘာလ ၈ ရက်နေ့မှာရေးတင်ထားခဲ့တာဖြစ်ပါတယ်။

 

ဧရာဝတီစတားက ရေးသားထားတဲ့ သတင်းအမှားကို တပ်မတော်ချစ်မြတ်နိုးသူ၄ Group မှာ KoKo ဆိုတဲ့အကောင့်ကနေ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ပြန်လည်ဖြန့်ဝေခဲ့တာဖြစ်ပြီး Like & React ပြုလုပ်သူ ၄၁ ယောက်ထိရှိပါတယ်။

 

နိုင်ငံရေးမတည်ငြိမ်တဲ့ အနေအထားမှာ သတင်းအတုသတင်းအမှားတွေက ဆိုရှယ်မီဒီယာပေါ်မှာ ပျံနှံ့လျက်ရှိပါတယ်။ သတင်းဖတ်သူတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့သတင်းဌာနက သတင်းများကိုသာဖတ်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...