ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူဦးရေ ဆယ့်တစ်သိန်းသုံးသောင်းကျော်ရှိ

ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူဦးရေ ဆယ့်တစ်သိန်းသုံးသောင်းကျော်ရှိ

ရခိုင်ပြည်နယ်တွင် ယခုနှစ်ဒီဇင်ဘာလ ၂၉ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူဦးရေ (၁,၁၃၁,၁၇၂)ဦးအထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ယင်းသို့ထိုးနှံပြီးစီးသူများမှာ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အသက်(၁၂)နှစ်အထက် ကျောင်းသား၊သူများ စသဖြင့်ပါဝင်ကြောင်း ဒေါက်တာစိုးဝင်းပိုင်ကဆိုသည်။

“ကျောင်းသားတွေလည်းပါတယ်။ (IDP)စခန်းတွေ၊ စစ်ဘေးရှောင်စခန်းတွေလည်းပါတယ်။ ကျနော်တို့က ဒီနှစ်ကုန်မှာ ကာကွယ်ဆေးကို ငါးဆယ်ရာခိုင်နှုန်းပြည့်မီအောင်ထိုးမယ်ဆိုပြီး လုပ်နေကြတယ်။ အခုက ရခိုင်မှာတော့ ၅၄ ဒဿမ ၈ ရာခိုင်နှုန်းထိ ထိုးပြီးသွားပြီဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ယင်းအပြင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူဦးရေမှာလည်း ၉၀၂၄၃၁ (ကိုးသိန်းနှစ်ထောင်လေးရာသုံးဆယ်တစ်ယောက်)ထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကူးစက်သူ ၄ ဦးတွေ့ရှိထားသည့် အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်နှင့်ပတ်သက်ပြီး မူလကိုဗစ်စည်းကမ်းများဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း ဒေါက်တာစိုးဝင်းပိုင်က ရှင်းပြသည်။

“ကျနော်တို့နိုင်ငံလည်း အခုဆိုရင်(အိုမီခရွန်)ကိုဗစ်ပိုးကူးစက်နေပြီဖြစ်တယ်။ အဲတော့ ကျနော်တို့ပြည်နယ်လည်း မကူးစက်လာဘူးလို့ပြောလို့မရဘူး။ ကူးစက်လာနိုင်တယ်။ ရောဂါရဲ့ပြင်းထန်အားတွေကို သေသေချာချာသိတာမဟုတ်တဲ့အတွက် ကိုယ့်ကိုကိုယ် မကူးစက်အောင်နေဖို့အရေးကြီးတယ်”ဟု သူကဆိုသည်။

ကိုဗစ်တတိယလှိုင်းကာလအတွင်း ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ (၅၂၁၅)ဦး၊ သေဆုံးသူဦးရေ (၅၀၁)ဦးရှိခဲ့ပြီး ကုသဆဲလူနာ (၂၂)ဦးရှိကြောင်း ရခိုင်ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဒီဇင်ဘာလ ၂၉ ရက်နေ့စာရင်းအရ သိရသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...