မင်းပြားမြို့နယ်တွင် လယ်သမားတစ်ဦးပိုင်ဆိုင်သည့် စပါးစည်း(ကောက်လှိုင်း)များ မီးရှို့ခံရ

မင်းပြားမြို့နယ်တွင် လယ်သမားတစ်ဦးပိုင်ဆိုင်သည့် စပါးစည်း(ကောက်လှိုင်း)များ မီးရှို့ခံရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နဂရာကျေးရွာတွင် မွတ်ဆလင်အမျိုးသားတစ်ဦးပိုင်ဆိုင်သည့် ရိတ်သိမ်းပြီးစပါးစည်း(ကောက်လှိုင်း)များ မီးရှို့ခံရကြောင်း သိရသည်။

နဂရာ(မွတ်ဆလင်)ကျေးရွာမှ ဦးလူမာလာကီပိုင်ဆိုင်သော စပါးစည်းများမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ ည ၉ နာရီကျော်အချိန်က မီးလောင်ဆုံးရှုံးသွားခဲ့သည်ဟု ကျေးရွာတာဝန်ခံ ဦးလူဘီအာလော်ကပြောသည်။

“ကောက်လှိုင်းပုံမီးရှို့ခံရတာပါ။ ကောက်လှိုင်းစည်း တစ်ထောင့်ရှစ်ရာကျော်လောက်ရှိတယ်။ မီးလောင်တဲ့အခါ သူက တစ်မိုင်ခွဲလောက်ဝေးတဲ့ တခြားတလင်းတစ်ခုမှာအိပ်နေပါတယ်။ ပေါ့ဆမီးကြောင့် လောင်တာလား၊ မီးရှို့ခံရတာလား ဆိုတာကိုတော့ အတိကျမသိရသေးဘူး။ ကျနော်တိုစုံစမ်းနေပါတယ်”ဟု ကျေးရွာတာဝန်ခံက ပြောသည်။

ဦးလူမာလာကီမှာ ဦးမောင်လှစိန်ဆိုသူပိုင်ဆိုင်သည့်လယ်မြေကို ငှားရမ်းလုပ်ကိုင်စားသောက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နဂရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက “သူ့ကောက်လှိုင်းစည်းတွေ မီးရှို့ခံရတယ်ဆိုပြီး ဒီနေ့မနက်ပိုင်းက ကျနော့်ကိုတိုင်ကြားလာတယ်။ ဒေသအခေါ် ကောက်လှိုင်းစည်း တစ်ထောင်ကျော် ပုံထားတာ မီးရှို့ခံရတာလို့ပြောတယ်။ သူကကောက်လှိုင်းစည်းပုံတွေကိုထားခဲ့ပြီး နောက်တလင်းတစ်ခုမှာ အိပ်နေတာလို့ ပြောတယ်”ဟု ဆိုသည်။

နဂရာကျေးရွာအုပ်စုတွင် ရခိုင်ရွာငါးရွာ၊ ဒိုင်းနက်နှစ်ရွာ၊ မာရမာကြီးတစ်ရွာနှင့် မွတ်ဆလင်ရွာသုံးရွာ စုစုပေါင်းကျေးရွာ ၁၁ ရွာရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကန္ဒကျေးရွာက မွတ်ဆလင်နှစ်ဦးပိုင်ဆိုင်သည့် ရိတ်သိမ်းပြီးစပါး(ကောက်လိုင်းစည်း)များ မီးရှို့ခံခဲ့ရသည်။

ရခိုင်တွင် ယခုလအတွင်း စပါးရိတ်သိမ်းခြွေလှည့်စက်မီးရှို့ခံရမှု၊ ရိတ်သိမ်းပြီးစပါး(ကောက်လှိုင်းစည်း)များ မီးရှို့ခံရမှုအပြင် အခြားထူးခြားဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်လာသည်။

ထို့အပြင် လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်သောဖြစ်စဉ်များကို မကောင်းသည့်ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးလှုံ့ဆော်မှုအား အဖွဲ့အစည်းတစ်ခုခုက နောက်ကွယ်မှကြိုးကိုင်ပြုလုပ်နေသည်ဟုသံသယဖြစ်ကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် လူမျိုးရေးနှင့် ဘာသာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်သည့် သံသယဖြစ်ဖွယ်ရာ ရာဇဝတ်မှုများကို ဆက်တိုက်တွေ့ရှိလာရ၍ ရခိုင်ပြည်နယ်အတွင်းနေထိုင်သူများအနေဖြင့် သတိထားစောင့်ကြည့်နေထိုင်ကြရန် ရခိုင်နှင့် မွတ်ဆလင် ကျောင်းသားအဖွဲ့အစည်း(၃)ဖွဲ့က ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...