ရခိုင်တွင် ဝက်အများအပြားသေဆုံးနေသည့်အကြောင်းအရင်းကို ရှာဖွေနေ

ရခိုင်တွင် ဝက်အများအပြားသေဆုံးနေသည့်အကြောင်းအရင်းကို ရှာဖွေနေ

ရခိုင်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဝက်များအစုလိုက်သေဆုံးနေသည့်အတွက် မည်သည့်ရောဂါကြောင့် သေဆုံးရသည့်ကို ဓာတ်ခွဲစမ်းသပ်ရန်ပို့ဆောင်ထားကြောင်း ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

“ဓာတ်ခွဲခန်းအဖြေထွက်မှပဲ ဝက်တွေဘာရောဂါနဲ့သေဆုံးတယ်ဆိုတာကို ပြောနိုင်မယ်။ သေတဲ့ဝက်တွေမှာ ဘာရောဂါဖြစ်တယ်ဆိုတာသိရအောင် ရန်ကုန်က တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းဆီပို့ထားတယ်” ဟု ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းစိုးမှ DMG သို့ ပြောသည်။

လတ်တလောသေဆုံးနေသည့်ဝက်များမှာ ဝမ်းရောဂါဖြင့်သေဆုံးနေသည်ကို ကနဦးစစ်ဆေးချက်အရသိရပြီး ဝက်မွေးမြူသူများအနေဖြင့် ဝက်များကို ရောဂါကာကွယ်ဆေးထိုးပေးရန်လိုကြောင်းနှင့် ဝက်မွေးမြူရေး အသိပညာများကို လေ့လာရန်လိုကြောင်း ၎င်းကဆိုသည်။

ယခုလအတွင်း ပုဏ္ဏားကျွန်းမြို့နယ်တွင် ဝက်အကောင်ရေ ၁၈၀ ကျော်သေဆုံးခဲ့ကြောင်း ကုလားချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်းကပြောသည်။

“ဝက်တွေ ဆက်တိုက်သေလာတယ်။ ဒီနေ့လည်း ဝက် ၁၃ ကောင်သေတယ်။ ဌာနဆိုင်ရာက ဘာရောဂါကြောင့် ဝက်တွေသေတယ်ဆိုတာသိရအောင် ဓာတ်ခွဲခန်းအဖြေယူဖို့ နာမကျန်းဖြစ်နေတဲ့ ဝက်တွေရဲ့သွေးကို ယူသွားတယ်”ဟု ၎င်းကပြောသည်။

သေဆုံးသွားသောဝက်များမှာ အစာမစားခြင်း၊ နှာရည်ယိုခြင်း၊ ဝမ်းချုပ်ဆီးချုပ်ခြင်း စသည့်ရောဂါလက္ခဏာများဖြစ်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ဝက်မွေးမြူသူများထံမှ သိရသည်။

ကျောက်ဖြူမြို့နယ်၊ ကုလဘာကျေးရွာမှ ဝက်မွေးမြူသူ မခင်မာနွယ်ဝင်းက “ဝက်နှစ်ကောင်မွေးတာ ဆက်တိုက်သေသွားတယ်။ ပထမတစ်ကောင်က နှာရည်ယိုပြီး အိပ်ပဲအိပ်နေတယ်။ အစာမစားတော့ဘဲ သေသွားတယ်။ နောက်တစ်ကောင်ကိုတော့ ကာကွယ်ဆေးထိုးပေမယ့် ၁၅ ရက်လောက်အကြာမှာပဲ ထပ်သေသွားတယ်”ဟု ပြောသည်။

ဝက်များမည်သည့်ရောဂါကြောင့် သေဆုံးနေသည်ကို လတ်တလောတွင်မသိရှိရသေးဘဲ ဝက်သားစားသုံးသူများမှာလည်း ဝက်သေဆုံးမှုကြောင့် စားသုံးရန်စိုးရိမ်မှုများရှိနေကြသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...