နတ်ချောင်းကျေးရွာတိုက်ပွဲ စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်၊ လူနေအိမ်များကိုလည်း မီးရှို့

နတ်ချောင်းကျေးရွာတိုက်ပွဲ စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်၊ လူနေအိမ်များကိုလည်း မီးရှို့

ကလေးမြို့တောင်ပိုင်း ကလေး-ဂန့်ဂေါ်လမ်းမပေါ်ရှိ နတ်ချောင်းကျေးရွာတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည့်အပြင် လူနေအိမ်များကို မီးရခဲ့သည်ဟု သိရသည်။

နံနက်ပိုင်း ၁၀ နာရီခန့်ကစ၍ နတ်ချောင်း ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်(ပ.က.ဖ)၊ CNDF ၊ PDF-Kalay ပူးပေါင်းတို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှ မွန်းလွဲပိုင်းတွင် Mi35 အမျိုး အစား တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို အသုံးပြုကာလေကြောင်းမှ တဆင့်ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့သည်ဟု CNDF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ စဖြစ်တာက အ.ထ.က ကျောင်းနားမှာ၊ ကျွန်တော်တို့ဖက်ကတော့ ထိခိုက်မရှိဘူး။ သူတို့ဖက်ကေ တာ့ စနှိုက်ပါနဲ့ ၁ယောက်ကျတယ်။ နောက် ၁ယောက်ထပ်ကျတယ် နှစ်ယောက်ကျ တယ်လို့သိရ တယ်။ လောလောဆယ်အထိ။ သူတိို့ကတော့ ရဟတ်ယာဉ် ၂ စီးနဲ့ ၂ ကြိမ် ဆက်တိုက်ပ စ်နေ တာတော့ရှိတယ်။ ” CNDF တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီအချိန်ကစပြီး နတ်ချောင်းကျေးရွာရှိ လူနေအိမ်များ ကိုမီးရှို့ခဲ့ကြပြီး ရွာထဲ တွင်ပိတ်မိနေသော ပြည်သူများလည်းရှိသည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း နတ်ချောင်းကျေးရွာမှ ဒေသခံအမျိုးသမီး ၁ ဦးအပါအဝင် အမျိုးသား (၃) ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် နတ်ချောင်းစာသင်ကျောင်းရှေ့ဆိုင်ကယ်ဖြစ်ဖြတ်မောင်းသော အမျိုးသမီးတစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု Voice oF Kalay သတင်းက ရေးသားဖော်ပြ ထားသည်။

ကလေးမြို့နယ်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ / CJ - ပုံဟောင်း
September 21, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်လိုင်ရပ်ကွက်၌ နာရေးမဏ္ဍပ် ဆောက်လုပ်ပေးနေသည့် ချင်းလူငယ် ၂ ဦးကို...
September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...