မောင်တောတွင် ထွေအုပ်ဝန်ထမ်းတစ်ဦးအသတ်ခံရမှု သံသယရှိသူလေးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ပြော

မောင်တောတွင် ထွေအုပ်ဝန်ထမ်းတစ်ဦးအသတ်ခံရမှု သံသယရှိသူလေးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး အသတ်ခံရမှုတွင် သံသယရှိသူလေးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း မောင်တောခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

အသတ်ခံရသူမှာ မောင်တောမြို့နယ်၊ မြင်းလွတ်မြို့ထွေ/အုပ်မှ ရပ်/ကျေးစာရေး ကိုဆန်းဌေးနိုင်(၂၆)နှစ်ဖြစ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို မောင်တောမြို့ အမှတ်(၁)ဝင်/ထွက်စခန်း ဘုတ်ဆိပ်အနီးတွင် ယနေ့(ဒီဇင်ဘာ ၂၃ ရက်)နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့ ကရုဏာကွန်ယက်ဖောင်ဒေးရှင်းပရဟိတအသင်း ဥက္ကဋ္ဌ ကိုချစ်ထူးနိုင်က “အသတ်ခံရတာ လည်ပင်လှီးပြီးတော့ အသတ်ခံရတာ။ သူကထွေအုပ်ဝန်ထမ်းတစ်ဦးပါ။ ဘယ်သူသတ်သွားလည်းဆိုတာကိုတော့ ရဲကစုံစမ်းနေပါတယ်”ဟု ပြောသည်။

ထွေ/အုပ်ဝန်ထမ်းသတ်ဖြတ်ခံရမှုအား ရာဇာသတ်ကြီးဥပဒေပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားပြီး လက်ရှိမှာ သေဆုံးသူရုပ်အလောင်းတွေ့ရှိခဲ့သည့် အနီးဝန်းကျင်ရှိ ဖေစီကျေးရွာမှ သံသယရှိသည့် မွတ်လင်လေးဦးကို ခေါ်ယူစစ်ဆေးနေကြောင်း မောင်တောခရိုင်ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးကပြောသည်။

“အသတ်ခံရသူ ကိုဆန်းဌေးနိုင်ဖုန်းနဲ့အတူ တစ်ယောက်ကိုတော့ အသေအချာ ရှာဖွေဖော်ထုတ်ထားတယ်။ နောက်ပါဝင်ပတ်သတ်သူတွေကိုတော့ စစ်ဆေးနေတုန်းဖြစ်တယ်”ဟု ၎င်းရဲအရာရှိက ပြောသည်။

လက်ရှိသံသယဖြင့်ဖမ်းဆီးထားသူလေးဦးထဲမှ တစ်ဦးထံတွင် သေဆုံးသူ ကိုဆန်းဌေးနိုင်၏ဖုန်း တွေ့ရှိထားသည်ဟု အမည်မဖော်လိုသည့်ရဲအရာရှိက ပြောဆိုထားသော်လည်း DMG အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မောင်တောမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ကျော်ဦးက “သံသယရှိသူအချို့ကို ဖမ်းဆီးစစ်ဆေးနေတာရှိတယ်။ အခုက စစ်ဆေးနေတုန်းပါ”ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်သောဖြစ်စဉ်များကိုပါ ဆက်တိုက်တွေ့ရှိလာရပြီး ထိုဖြစ်စဉ်များမှာ အဖွဲ့အစည်းတစ်ခုခုမှ မကောင်းသည့်ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးလှုံ့ဆော်မှုအား နောက်ကွယ်မှကြိုးကိုင်ပြုလုပ်နေသည်ဟု သံသယဖြစ်ကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...