စစ်ကောင်စီက ကရင်ပြည်နယ် ဝန်ကြီးချုပ်ကို ထောင် ၃ နှစ် ထပ်မံချ၊ စုစုပေါင်း ထောင်ဒဏ် အနှစ် ၈၀ ဖြစ်

စစ်ကောင်စီက ကရင်ပြည်နယ် ဝန်ကြီးချုပ်ကို ထောင် ၃ နှစ် ထပ်မံချ၊ စုစုပေါင်း ထောင်ဒဏ် အနှစ် ၈၀ ဖြစ်

ကရင်ပြည်နယ်၊ ဘားအံအကျဥ်းထောင်တွင် အဂတိလိုက်စားမှု ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၇၇ နှစ် ချမှတ် ခံထားရသော ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်တွင်းတရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် ထပ်တိုးထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကြောင်း ဘားအံ အကျဥ်းထောင်တွင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် ထောင်ဒဏ် သုံးနှစ်ကို ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဘားအံ အကျဥ်းထောင််တွင်းတရားရုံးက ချမှတ်လိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်သည် စုစုပေါင်း ထောင်ဒဏ် နှစ် ၈၀ ချမှတ် ခံထားရသည်။

အဆိုပါ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) အမှုကို ယခု ဒီဇင်ဘာလအတွင်း စုစုပေါင်း ရုံးချိန်းနှစ်ခု ကြားနာပြီးနောက် အမှုကို စွဲချက်တင်ကာ အမြင့်ဆုံးပြစ်ဒဏ် ထောင်သုံးနှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဘားအံအကျဥ်းထောင်တွင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို အတည်ပြုပြောသည်။

“ဒီလထဲမှ စွဲတာ။ ပြီးခဲ့တဲ့ တစ်ပတ်က ရုံးထုတ်တယ်လို့ ကြားတယ်။ ထုတ်ပြီးတော့ ဒီနေ့ အမိန့်ချတယ်။ ပထမတစ်ကြိမ် ရုံးထုတ်တယ်ပေါ့။ ဒုတိယ ရုံးချိန်းမှာ ဝန်ကြီးချုပ်ကို ဒီဟာတွေနဲ့ ပတ်သက်ပြီး ဒီလိုစွဲတာကို ရှင်းပြရမယ်။ အဲဒီမှာ တရားခွင်ထဲကနေ ဘာမှမပြောဘဲ ချက်ချင်း တန်းထွက်သွားပြီးတော့ ရုံးချိန်းတစ်ချိန်း ပျက်သွားတယ်လို့ ကြားတယ်။ ဒါတတိယ ရုံးချိန်းမှာ (အမိန့်) ချလိုက်တာပဲ” ဟု ၎င်းက ပြောသည်။

ရာဇသတ်ကြီး ဥပဒေပုဒ် ၁၃၀ (က) သည် ရွေးကောက်ပွဲတွင် မဲမသမာမှု ပြုလုပ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့သော ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်သည့် အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ နှင့် ၅၀၅ (ခ) တို့ဖြင့် နိုဝင်ဘာလ ၉ ရက်နေ့က ထောင်ဒဏ် ၇၇ နှစ် ချမှတ်ခံထားရခြင်းဖြစ်ပြီး ယခု ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ဖြင့် ထောင်သုံးနှစ်၊ စုစုပေါင်း ထောင်ဒဏ် ၈၀ နှစ် ချမှတ် ခံထားရသည်။

အာဏာသိမ်း စစ်ကောင်စီ၏ အမြင့်ဆုံးထောင်ဒဏ် အနှစ် ၈၀ ချမှတ်ထားသော ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် အသက် ၆၇ နှစ်အရွယ် ဖြစ်ပြီး ၎င်းကို အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စစ်ကောင်စီက ဘားအံအကျဥ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်၊ ဝန်ကြီးများ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို အာဏာသိမ်း စစ်ကောင်စီက ဖမး်ဆီးထိန်းသိမ်းကာ ပုဒ်မများစွာဖြင့် တရားစွဲဆိုပြီးနောက် အမြင့်ဆုံးပြစ်ဒဏ် များကို ချမှတ်နေသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...