လူမျိုးရေးပဋိပက္ခကိုဦးတည်စေနိုင်သော ထူးခြားဖြစ်စဉ်များကို ဆက်တိုက်တွေ့ရှိလာရ၍ ဆင်ခြင်သတိထားကြရန် ULA ထုတ်ပြန်

လူမျိုးရေးပဋိပက္ခကိုဦးတည်စေနိုင်သော ထူးခြားဖြစ်စဉ်များကို ဆက်တိုက်တွေ့ရှိလာရ၍ ဆင်ခြင်သတိထားကြရန် ULA ထုတ်ပြန်

ရခိုင်ပြည်အတွင်းက မြို့နယ်အချို့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ထူးခြားဖြစ်စဉ်များကို ဆက်တိုက်တွေ့ရှိလာရသည့်အပြင် လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်သောဖြစ်စဉ်များကိုပါ ဆက်တိုက်တွေ့ရှိရ၍ ဆင်ခြင်သတိထားကြရန် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ဒီဇင်ဘာ ၁၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ထူးခြားဖြစ်စဉ်များထဲတွင် (၁) မြောက်ဦးမြို့နယ်၊ အောက်သကန်ကျေးရွာအတွင်း စပါးရိတ်သိမ်းခြွီလှည့်စက် (၂)လုံး မီးရှို့ခံရသည့်ဖြစ်စဉ်၊ (၂) မြောက်ဦးမြို့နယ်၊ လောင်းကြက်ရွာအနီး ရိတ်သိမ်းပြီးစုပုံထားသော စပါးစည်း(ကောက်လှိုင်းစည်း)များ မီးရှို့ခံရသည့်ဖြစ်စဉ်၊ (၃) ကျောက်တော်မြို့နယ်၊ တောင်ဘွယ်ကျေးရွာအနီး ရခိုင်အမျိုးသမီးတစ်ဦးအား မွတ်ဆလင်(၂)ဦးမှ မုဒိမ်းပြုကျင့်ရန်ကြံစဉ်သည့်ဖြစ်စဉ်၊ (၄) ဂွမြို့နယ်၊ ရွာမရပ်ကွက်၊ မင်္ဂလာလမ်းရှိ မူလတန်း(လွန်)ကျောင်းအား မီးရှို့ခံရသည့်ဖြစ်စဉ်၊ (၅) ကျောက်ဖြူမြို့နယ်၊ စည်မော်ကျေးရွာတွင် ရိတ်သိမ်းပြီးစပါးများ မီးရှို့ခံရသည့်ဖြစ်စဉ်များကို ဖော်ပြသည်။

အဆိုပါဖြစ်စဉ်များသည် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ဖြစ်စဉ်များထဲတွင် မွတ်ဆလင်ကျေးရွာနှင့် နီးကပ်စွာရှိနေသော ကျေးရွာများတွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များပါဝင်နေသည့်အပြင် ရခိုင်ကျေးရွာများအတွင်း ရှေ့ဆင့်နောက်ဆင့် တိုက်ဆိုင်စွာဖြစ်ပျက်ခဲ့ကြောင်း ULA က ဆိုထားသည်။

ထိုဖြစ်စဉ်များမှာ အဖွဲ့အစည်းတစ်ခုခုမှ မကောင်းသည့်ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးလှုံ့ဆော်မှုအား နောက်ကွယ်မှ ကြိုးကိုင်ပြုလုပ်နေသည်ဟု သံသယဖြစ်စေပြီး လုံခြုံရေးဆိုင်ရာစိုးရိမ်မှုနှင့်အတူ လူမျိုးရေးဆိုင်ရာပဋိပက္ခများသို့ ဦးတည်သွားမည်ကိုလည်း စိုးရိမ်ဖွယ်ဖြစ်ကြောင်း ULA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး လတ်တလောတည်ငြိမ်နေသည့် ရခိုင်ပြည်အား လူမျိုးရေးပဋိပက္ခများဖန်တီးပြီး ဒေသတွင်းပဋိပက္ခဖြစ်ပေါ်လာစေရန် တမင်လုပ်ဆောင်နေသောလုပ်ရပ်၊ မတည်မငြိမ်မှုများကို ဖန်တီးလှုံ့ဆော်သော လုပ်ရပ်၊ စိုးရိမ်ထိတ်လန့်မှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးသောလုပ်ရပ်များဟု ရှုမြင်သုံးသပ်ကြောင်းလည်း ရခိုင်အမျိုးသားအဖွဲ့ချုပ်က ဆိုသည်။

ရပ်ရွာ၊ မြို့များ၌ရှိသည့် လူငယ်များအနေဖြင့် ပြည့်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေးနှင့် မီးဘေးအန္တရာယ်များ ကင်းဝေးစေရေးအတွက် မိမိရပ်ရွာ၊ မြို့များအတွင်း လူစိမ်းအဝင်အထွက်များကို သတိထားစောင့်ကြည့်ကြရန် ULA က တိုက်တွန်းထားသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...