ထောင်ဒဏ်၂ နှစ်ခွဲချမှတ်ခံထားရသည့် ရခိုင်ကျောင်းသားလေးဦးကို ပြည်နယ်တရားလွှတ်တော်မှ ပြစ်ဒဏ် ၆ လလျှော့ချ

ထောင်ဒဏ်၂ နှစ်ခွဲချမှတ်ခံထားရသည့် ရခိုင်ကျောင်းသားလေးဦးကို ပြည်နယ်တရားလွှတ်တော်မှ ပြစ်ဒဏ် ၆ လလျှော့ချ

ထောင်ဒဏ် ၂ နှစ်ခွဲ အမိန့်ချမှတ်ခံထားရသည့် ရခိုင်ပြည်က ကျောင်းသားလေးဦးအမှုကို ပြည်နယ်တရားလွှတ်တော်မှ အပြီးသတ်အမိန့်ချရာတွင် ပြစ်ဒဏ် ၆ လလျှော့ချလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

အဆိုပါကျောင်းသားလေးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)ဖြင့် ထောင်ဒဏ် (၂)နှစ်၊ ဘေးစီမံဥပဒေပုဒ်မ-၂၉ ဖြင့် ထောင်ဒဏ်ခြောက်လစီ သီးခြားကျခံစေရန် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးမှ အမိန့်ချမှတ်ခဲ့သည်။

ဖြစ်စဉ်တစ်ခုအပေါ် အမှုနှစ်ခုဖြင့်တရားစွဲပြီး အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်းမှာ ဥပဒေနှင့် မညီညွတ်ဟုဆိုကာ စက်တင်ဘာလ ၂၃ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးသို့ အယူခံ တက်ရောက်ခဲ့သော်လည်း အမှုကိုလက်ခံကြားနာခြင်းမရှိဘဲ ပလပ်လိုက်သည်။

ထပ်မံ၍ အောက်တိုဘာ ၄ ရက်နေ့တွင် ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ရောက်ခဲ့ရာ ယနေ့တွင် ပြည်နယ်တရားလွှတ်တော်မှ ပြင်ဆင်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က “၅၀၅(ခ)ကို အောက်ရုံးက (၂)နှစ်အမိန့်ချထားတာကို အခုပြည်နယ်တရားရုံးက ခြောက်လလျော့လိုက်တယ်။ ဆိုတော့ ၅၀၅ (ခ)အတွက် တစ်နှစ်နဲ့ ခြောက်လဖြစ်မယ်။ နောက်ပြီးဘေးစီမံ(၂၉)ကိုကျတော့ ပြစ်မှုနဲ့ပြစ်ဒဏ်ကိုအတည်ပြုပြီး အဲဒီခြောက်လကို ဘေးစီမံနဲ့ ၅၀၅(ခ)နဲ့ တပြိုင်နက်တည်းကျခံဖို့အတွက် အမိန့်ချလိုက်တယ်”ဟု ပြောသည်။

လက်ရှိတွင် ပြည်နယ်တရားလွှတ်တော်မှ ပြင်ဆင်အမိန့်ချမှတ်လိုက်သည့်အတွက် ကျောင်းသားလေးဦး၏ ပြစ်ဒဏ်မှာ တစ်နှစ်နှင့်ခြောက်လသာ ကျခံရမည်ဖြစ်သည်။

“မူလက ချမှတ်ထားတဲ့ကျောင်းသားတွေကို ၂ နှစ်နဲ့ခြောက်လအစား ဒီနေ့အမိန့်ချတဲ့အရဆိုရင် တစ်နှစ်နဲ့ ခြောက်လဖြစ်သွားတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်ကပြောသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကျောင်းသားလေးဦး၏ပြစ်ဒဏ်မှာ တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်သည့်အတွက် ၂၀၂၂ ခုနှစ်တွင် မတ်လအတွင်းတွင်လွတ်နိုင်ကြောင်း ရှေ့နေထံမှသိရသည်။

“ကျောင်းသားတွေကို စက်တင်ဘာလ ၁၆ ရက်နေ့ အမိန့်ချတဲ့အတွက် အဲဒီနေ့ကနေ ထောင်ကျအဖြစ် သတ်မှတ်တဲ့အတွက်ကြောင်း သူတို့က ထောင်ရဲ့လျော့ရက်ကိုရတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်ကဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှဦးဆောင်ပြီး “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ၊ Burmese Army Get Out” စသည့်အချက်များကိုကြွေးကြော်ကာ စစ်တွေမြို့အတွင်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းသို့ဆန္ဒထုတ်ဖော်ထုတ်မှုကြောင့် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)၊ ဘေးစီမံဥပဒေပုဒ်မတို့ဖြင့် တရားစွဲဆိုပြီး အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...