ရခိုင်မှာ PDF တွေဆီက လက်နက်သိမ်းမိတယ်လို့ သတင်းမှားဖြန့်

ရခိုင်မှာ PDF တွေဆီက လက်နက်သိမ်းမိတယ်လို့ သတင်းမှားဖြန့်

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှာ PDF တွေဆီက လက်နက်တွေ ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းပို့စ်တစ်ခုကို Aung Ba Nyo ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဒီဇင်ဘာလ ၈ ရက်နေ့က ရေးတင်ထားတာကို တွေ့ရပါ တယ်။

Aung Ba Nyo ဆိုသူက “ရခိုင်ပြည်နယ်စစ်တွေမြို့အနီးတွင် ဖမ်းဆီးရမိသော PDF လက်နက်များ.. ‘ရခိုင်မယ် PDF မရှိဘူးပြောနေတာ ဖမ်းဆီးရမိမှု မရှိသေးလို့ မပြောသေးတာပါ။ အခုကတော့ လက်ပူးလက်ကျပ် ဖမ်းဆီး ရမိ တာဆိုတော့ မကြာတော့ဘူး ရွှေဘတွေ စစ်တွေဘက်မယ် ကြမ်းပြတော့မှာပါ’...ရခိုင်အတွက် ၂၀၁၈-၂၀၁၉ မကျေပွဲပြန်နွဲရဖို့ပေါ့” လို့ ရေးသားထားပါတယ်။  (မူရင်းအရေးအသားအတိုင်းဖြစ်သည်။)

Aung Ba Nyo ရဲ့ ရေးသားမှုဟာ ပဋိပက္ခကို ပိုပြီး မြှင့်တင်ပေးတဲ့ အရေးအသားမျိုး ဖြစ်နေသလို တဖက်မှာ ပြန်ကြည့်မယ်ဆိုရင်လည်း ဒီရေးသားမှုက သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Aung Ba Nyo ဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံဟာ ရခိုင်ပြည်နယ်အတွင်းက ဓာတ်ပုံ မဟုတ်သလို ဓာတ်ပုံနဲ့အတူ တွဲတင်တဲ့ထားတဲ့ စာဟာလည်း ဓာတ်ပုံက ပြောချင်တဲ့ အကြောင်းအရာ မဟုတ် ပြန်ပါဘူး။

Aung Ba Nyo ဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံဟာ ဒီဇင်ဘာလ ၈ ရက်နေ့က Karenni Generation Z (KZG) ရဲဘော်တစ်ဦးတင်ထားတဲ့ အလှူရှင်တွေရဲ့ အကူအညီနဲ့ လက်နက်များထပ်မံ ရောက်ရှိဆိုတဲ့ ပိုစ့်မှာပါရှိတဲ့ ဓာတ် ပုံကို ယူကာ မဟုတ်မမှန် စာတွေနဲ့ ပြန်လည်ရေးတင်ထားတာကို တွေ့ရပါတယ်။

Karenni Generation Z (KZG) ရဲဘော်က တင်ထားတဲ့ ဓာတ်ပုံနဲ့ သတင်းအချက်အလက်တွေကို ယုံကြည်စိတ် ချရတဲ့ သတင်းဌာနတော်တော်များများကလည်း သတင်းထုတ်လွှင့်ရေးသားခဲ့တာကို တွေ့ရပါတယ်။

ရွှေဖီမြေ - https://bit.ly/30n3qWM၊ ရှမ်းသံတော်ဆင့် - https://bit.ly/3oRFZOP၊ မျက်မှောက်ခေတ် - https://bit.ly/3p0JOl3 တို့ သာမက တခြား သတင်းဌာနတွေကလည်း သတင်းရေးသားခဲ့တာကို တွေ့ရပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်က အာဏာသိမ်းယူဖို့ ကြိုးစားတဲ့နောက်ပိုင်း တိုင်းနဲ့ ပြည်နယ် တော်တော်များများမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ ဖွဲ့စည်းထား ပေမယ့် လည်း ရခိုင်ပြည်နယ်မှာ PDF ဖွဲ့စည်းထားတာကို မကြားရသလို သတင်းဌာနတွေနဲ့ ဒေသခံတွေ ဖက်ကလည်း ရေးသားပြောဆိုမှုတွေလည်း မရှိခဲ့ပါဘူး။

ဓာတ်ပုံနဲ့ တကွ အချက်အလက် အားလုံးကို စစ်ဆေးချက်အရ Aung Ba Nyo ဆိုသူ ရေးသားထားတဲ့စာနဲ့ အသုံး ပြုထားတဲ့ ဓာတ်ပုံဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ အနီးမှာ PDF တွေဆီက လက်နက် ဖမ်းဆီးရမိတယ် ဆိုတဲ့ သတင်းအမှား ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

Aung Ba Nyo ဆိုသူရဲ့ ရေးသားမှုကို ထပ်ဆင့်ဖြန့်ဝေသူ ၅၀ နီးပါးခန့်ရှိနေပြီး ကြိုက်နှစ်သက်သူနဲ့ သဘောထား မှတ်ချက်ပေးသူ တော်တော်များများရှိနေတာကို တွေ့ရပါတယ်။

ယခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြပြီး သတင်းဌာနတွေက တင်တဲ့ သတင်းတွေနဲ့ အချက်အလက် တူညီ သယောင် ရေးသားမှုတွေရှိနေသလို ဓာတ်ပုံက ပြောချင်တဲ့ အကြောင်းအရာနဲ့ မကိုက်ညီတဲ့ ရေးသားမှုတွေနဲ့ လည်း ဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။

ဒီလိုအခြေအနေမျိုးတွေ ရှိနေတဲ့အတွက် လူမှုကွန်ရက် သုံးစွဲသူ စာဖတ်ပရိတ်သတ်တွေအနေနဲ့ အခုလိုမျိုး ကာ လမှာ သတင်းတွေကို ဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် ကိုယ့်ဖြန့်ဝေမယ့် သတင်းဟာ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ရှိ/မရှိ တင်/မတင် သေချာစီစစ်ပြီးမှ ထပ်ဆင့်ဖြန့် ဝေပေးဖို့ လိုအပ်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...