ကျောင်းမတက်ရသေးသော ပုဏ္ဏားကျွန်းမြို့နယ်မှ (၁၀)တန်းကျောင်းသားများအတွက် အခမဲ့ပညာသင်ကျောင်းဖွင့်

ကျောင်းမတက်ရသေးသော ပုဏ္ဏားကျွန်းမြို့နယ်မှ (၁၀)တန်းကျောင်းသားများအတွက် အခမဲ့ပညာသင်ကျောင်းဖွင့်

ဆင်းရဲနွမ်းပါး၍ လက်ရှိအချိန်ထိကျောင်းမတက်ရသေးသော ၁၀ တန်း ကျာင်းသားကျောင်းသူများအတွက် အခမဲ့ပညာသင်ကျောင်းကို ရခိုင်ပြည်နယ်၊ ပုဏ္ဏာန်းကျွန်းမြို့နယ် ဂဏန်းပြင်ကျေးရွာ၌ ဒီဇင်ဘာ ၁၃ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ် ဇီးချောင်းတောရကျောင်းဆရာတော် ဦးကဝိသာရမှဦးဆောင်ပြီး ယင်းအခမဲ့ပညာသင်ကျောင်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“ကျေးရွာကဆရာတော်ရယ်၊ လူထုခေါင်းဆောင်တွေနဲ့တိုင်ပင်ပြီး ဦးဇင်းကဦးဆောင်ပြီးဖွင့်တာပါ။ စေတနာပေါက် အလှူချင်တွေရှိတယ်။ ထွေထွေထူးထူးလှူတဲ့သူတော့မရှိသေးဘူး။ အခက်ခဲတွေအများကြီးရှိတယ်"ဟု ဆရာတော်ဦးကဝိသာရကမိန့်သည်။

အဆိုပါကျောင်းတွင် စာအုပ်၊ စာသင်ခုံ၊ ကောဇောမှအစ လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ဂဏန်းတောင်၊ မြတ်လှဲကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းမတက်ရောက်နိုင်သည့် တက္ကသိုလ်ဝင်တန်းကျောင်းသား/ကျောင်းသူ ၅၀ ဦးကို ယင်းကျောင်းတွင် အဓိကလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကျေးရွာပေါင်း(၁၁)ရွာမှ ကျောင်းသား ၂၀ ကျော် ပညာသင်ကြားရန် ရောက်ရှိနေပြီဖြစ်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် အချိန် ၃ လသာကျန်ရှိပြီဖြစ်၍ ယင်းအချိန်အတွင်း အစွမ်းကုန်သင်ကြားပေးသွားမည်ဟု ယင်းကျောင်းတွင်ပညာသင်ကြားပေးမည့် ဆရာဦးကြည်စိုးကပြောသည်။

“ဒီဂဏန်းတောင်ရွာအပါအဝင် ကျေးရွာပေါင်း(၁၁)ရွာမှာဆိုရင် တက္ကသိုလ်ဝင်တန်းမသင်နိုင်တဲ့ကလေးတွေ အများကြီးရှိတယ်" ဟု ၎င်းကပြောသည်။

ကိုဗစ်ဖြစ်ပွား၍ ကျောင်းများကိုယာယီပိတ်ထားခဲ့သဖြင့် ကျောင်းသားများမှာ ကျောင်းမှထွက်ကာ ပြင်ပသို့ရောက်ရှိသွားသူများရှိသည်။ ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်တိမ်းခဲ့ရသူများမှာလည်း မိသားစုအဆင်မပြေသဖြင့် ကျောင်းသားများပညာသင်ကြားရန် အခက်အခဲရှိနေကြသည်။

ပလက်ဝမြို့နယ်မှ ကျောက်တော်မြို့နယ်သို့ စစ်ဘေးရှောင်တိမ်းလာသည့် ဦးမောင်သန်းဦးက တက္ကသိုလ်ဝင်တန်းတက်ရောက်နေသည့် သားဖြစ်သူအတွက် ခက်ခဲစွာပညာသင်ကြားပေးနေရကြောင်းပြောသည်။

“ကိုယ်နိုင်သလောက်နဲ့ မိသားစုတွေကိုအကူညီတောင်းပြီး ပညာသင်ပေးနေရတယ်။ ဒီနှစ်ကဆယ်တန်းကျောင်းသားအတွက် နောက်ဆုံးပညာသင်နှစ်ဆိုတော့ အကြွေးတွေတင်လည်းတင်ပါစေ။ ကြိုးစားပြီးတော့ ကျောင်းထားရတာပေါ့”ဟု ၎င်းကပြောသည်။

၂၀၂၁ -၂၀၂၂ ခုနှစ်ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင်တက်ရောက်နေသည့် စစ်ဘေးရှောင်ကျောင်းသား၊သူဦးရေ ၇၇၁၄ ဦးရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...