စစ်တွေမြို့ ဟိုတယ်နှင့်တည်းခိုခန်းဝန်ထမ်းများအား “ခရီးသည်လုံခြုံမှု”လက်မှတ်ထုတ်ပေးထား

စစ်တွေမြို့ ဟိုတယ်နှင့်တည်းခိုခန်းဝန်ထမ်းများအား “ခရီးသည်လုံခြုံမှု”လက်မှတ်ထုတ်ပေးထား
Photo - ROYAL SITTWE RESORT
Photo - ROYAL SITTWE RESORT

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဟိုတယ်နှင့်တည်းခိုးခန်း ခရီးသွားလုပ်ငန်းဝန်ထမ်းများအား ကိုဗစ်ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီဖြစ်သဖြင့် ခရီးသည်များယုံကြည်စိတ်ချနိုင်စေရန် “ခရီးသည်လုံခြုံမှု”လက်မှတ်ထုတ်ပေးထားကြောင်း ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

စစ်တွေမြို့တွင် လက်ရှိဟိုတယ်နှင့်တည်းခိုခန်း ၁၆ ခုကို ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များနှင့်ညီစေရန် စစ်ဆေးပြီး ဖွင့်လှစ်ထားသည်ဟု ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။

“အခုပြန်ဖွင့်တဲ့ ဟိုတယ်နဲ့တည်းခိုခန်းတွေကို Health and Safety Protocols(HSP)ဆိုတဲ့ တံဆိပ်ကိုထုတ်ပေးထားတယ်။ ဘာလို့ဆိုရင် ဟိုတယ်တွေကို ကိုဗစ်စည်းကမ်းနဲ့ အညီ ဖွင့်လား၊မဖွင့်လားဆိုတာ စစ်ဆေးခဲ့တယ်။ ဟိုတယ်နဲ့ တည်းခိုခန်းမှာရှိတဲ့ဝန်ထမ်းတွေကိုလည်း ကာကွယ်ဆေးထိုးပေးထားတယ်”ဟု ၎င်းကပြောသည်။

ဟိုတယ်နှင့်တည်းခိုခန်းဝန်ထမ်းများကို ကိုဗစ်စည်းကမ်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနမှ သင်တန်းပေးခြင်းများလည်းရှိကြောင်း စစ်တွေမြို့ရှိ စေတနာမိုးတည်းခိုခန်းပိုင်ရှင် ဦးငြိမ်းသူအောင်ကပြောသည်။

“ကန့်သတ်ချက်တွေကတော့ အဓိကနှာခေါင်းစည် (Mask)၊ ပြီးတော့ အပြင်ကလာလို့ရှိရင် လက်ဆေးဖို့နဲ့ တည်းခိုခန်းအပြင်ဘက်မှာ လက်ဆေးဘေစင်လေးတွေ လုပ်ပေးထားတယ်။ ခရီးဆောင်အိတ်တွေကိုလည်း ပိုးသတ်ဆေးဖြန်းတယ််”ဟု ဦးငြိမ်းသူအောင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ဟိုတယ်နှင့်တည်ခိုခန်းစုစုပေါင်း ၁၀၀ ရှိရာမှ လက်ရှိမှာ ၆၆ ခု ပြန်လည်ဖွင့်လှစ်ထားကြောင်း ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယခုနှစ် ခရီးသွားရာသီတွင် ဟိုတယ်နှင့်တည်းခိုခန်းများ၌ ဧည့်သည်လာရောက်မှုရှိသော်လည်း နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှု နည်းပါးကြောင်းလည်း သိရသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...