ဘင်္ဂလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ပျောက်ဆုံးနေသူ နှစ်ဦး၏ အလောင်းများပြန်တွေ့

ဘင်္ဂလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ပျောက်ဆုံးနေသူ နှစ်ဦး၏ အလောင်းများပြန်တွေ့
by -
နိရဥ္စရာ
ဇွန်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက မောင်တောမြို့နယ် မြောက်ပိုင်းတွင် ဘင်္ဂလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ပျောက်ဆုံးနေသူ ၂ ဦး၏ အလောင်းကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီဟု တရိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင် ပြောကြားသည်။

ရှာဖွေတွေ့ရှိခဲ့သည့် အလောင်းနှစ်လောင်းမှာ တရိန်းရွာမှ ဦးအောင်ကျော်(၅၃ နှစ်) (ဘ) ဦးအောင်စိန်နှင့် ဦးကိုကိုသိန်း (၄၂ နှစ်)(ဘ) ဦးအောင်ကျော်စိန်တို့ ဖြစ်ကြသည်။

“ အလောင်း ၂ လောင်း စလုံးကို ဒီကနေ့ ၁၁ နာရီခွဲမှာ အခင်းဖြစ်ပွားရာနေရာကနေ အနီးအနားမှာတွေ့ပါတယ်။ အခုအလောင်းတွေကို ကြိ်မ်ချောင်းက မောင်တော ဆေးရုံကို ယူလာပါပြီ။ အခု ကျွန်တော် အလောင်းသယ်တဲ့ ကားပေါ်ကနေ ပြောနေတာပါ” ဟု ယနေ့ မွန်းလွဲ ၃ နာရီက ဖုန်းဖြင့် ဆက်သွယ်စဉ် ဦးအိမ်စိုးမောင်က ပြောကြားသည်။

ဖြစ်ပွားပုံမှာ အသတ်ခံရသူ နှစ်ဦးသည် တစ်ခြား ရွာသား ၂ ဦးနှင့် အတူ ဇွန် ၂၄ ရက် နံနက် ၁ နာရီခွဲခန့်တွင် မောင်တောမြို့နယ်မြောက်ပိုင်း တရိန်းကျေးရွာမှ နှစ်မိုင် အကွာ၊ ကျွန်းပေါက်ပြုစု ဘင်္ဂါလီကျေးရွာနှင့် တစ်မိုင်အကွာ ကြိမ်ချောင်း-တောင်ပြိုကားလမ်း တောင်ဘက် ပေနှစ်ထောင်ခန့်အကွာ တောင်ခြေသို့ သွားရောက်ကာ လိပ်ရှာနေစဉ် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဓားကိုယ်စီ ကိုင်ဆောင်ထားသော ဘင်္ဂါလီ ၁၀ ဦးခန့်မှ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှု အတွင် တစ်ခြားနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ၎င်းတို့ နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်မှု မရှိဘဲ ဘင်္ဂလီများ၏ ဖမ်းဆီး သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...