စပါးရိတ်သိမ်းချိန် မိုးရွာမည့်အရေး တောင်သူများစိုးရိမ်

စပါးရိတ်သိမ်းချိန် မိုးရွာမည့်အရေး တောင်သူများစိုးရိမ်

မိုးလဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လာမည့် ၄၈ နာရီအတွင်း ရခိုင်ပြည််နယ်တွင် မိုးရွာမည်ဟုသတင်းထုတ်ပြန်သဖြင့် မိုးစပါးရိတ်သိမ်းနေသော ရခိုင်ကတောင်သူလယ်သမားများမှာ စပါးများပျက်စီးမည့်အရေးကို စိုးရိမ်ပူပန်နေကြသည်။

ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်တွင် တည်ရှိနေသော မုန်တိုင်းငယ်၏အရှိန်ကြောင့် ယခုလဆန်းပိုင်းကမိုးရွာသွန်းခဲ့သဖြင့် စပါးခင်းများ အနည်းငယ်ပျက်စီးခဲ့ကာ ယခုထပ်မံ၍စပါးများပျက်စီးမည်ကိုစိုးရိမ်ကြောင်း တောင်သူများကပြောသည်။

“အခုစပါးပေါ်ချိန်ဆိုတော့ ရိတ်သိမ်းပြီးတဲ့စပါးတွေကို ခြောက်သွေ့အောင်ထားရတယ်။ တကယ်လို့မိုးမိမယ်ဆို ဒီစပါးစေ့တွေကနေ အညှောင့်တွေထွက်လာပြီး ပျက်စီးကုန်မှာ။ စပါးရိတိသိမ်းပြီးသူရှိသလို မရိတ်သိမ်းရသေးတဲ့သူတွေလည်းရှိနေသေးတယ်။ စပါးတွေရွှေ့ပြောင်းထားရမှာလည်းမလွယ်ဘူး။ မိုးများမှာကို စိုးရိမ်မိတယ်”ဟု မြောက်ဦးမြို့နယ်မှ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ဦးပန်းလှအောင်က DMG သို့ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်ဖြစ်ထွန်းနေသောကြောင့် လာမည့် ၄၈ နာရီအတွင်း ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့တွင် နေရာကွက်ကြားမှနေရာကျဲကျဲ မိုးထစ်ချုပ်ရွာမည်ဟု ထုတ်ပြန်ထားသည်။

“အခုက ဒီရေတွေတက်နေတော့့ စပါးခင်းတွေရေမြုပ်ကုန်တယ်။ ရေမြုပ်တော့ စပါးကမလှတော့ဘူး။ နီကျဲကျဲဖြစ်သွားတယ်။ ညကမိုးနည်းနည်းရွာသွားတာမို့ စပါးတွေကို မိုးရေမထိအောင် ရွှေ့ပြောင်းထားရတယ်”ဟု ကျောက်တော်မြို့နယ် ကြောင်စွယ်ဖြူကျေးရွာမှ တောင်သူ ဦးမောင်သိန်းထွန်းကပြောသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအသင့်အတင့်ရှိနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေမှာ တစ်နာရီလျှင် ၁၀ မိုင်မှ မိုင် ၃၀ အထိတိုက်ခက်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာလေးပေမှ ခုနှစ်ပေခန့်အထိရှိနိုင်ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။

ယခင်နှစ်က ရခိုင်ပြည်ဒေသထွက် ရွှေဝါထွန်းစပါးပေါက်ဈေးနှုန်းမှာ တင်း ၁၀၀ လျှင်(ဒေသအခေါ်တောင်း ၂၅၀ ပေါက်ဈေး) ကျပ်လေးသိန်းခွဲဝန်းကျင်ရှိပြီး အခုနှစ်မှာ ကျပ်ငါးသိန်းကျော်ရှိကြောင်း၊ ပေါ်ဆန်းမွှေးဈေးမှာ ကျပ်ရှစ်သိန်းနီးပါးရှိကြောင်း လယ်သမားများထံမှ သိရသည်။

မြေဆီနှင့် မြေသြဇာဈေးနှုန်းမြင့်တက်သလို သဘာဝဘေးကြောင့် ရခိုင်ပြည်တောင်ပိုင်းက လယ်သမားများမှာ ယခုနှစ်တွင် စပါးအထွက်နှုန်းနည်းခဲ့ကြောင်းလည်း သိရသည်။

စပါးဈေးနှုန်းကို အစိုးရမှ လယ်သမားများအဆင်ပြေမည့်ဈေးနှုန်းဖြင့် သတ်မှတ်ပေးစေလိုကြောင်း တောင်သူလယ်သမားများက တောင်းဆိုကြသည်။

Most read this week

AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...
August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...