ဘူးသီးတောင် စိမ်းညှင်းပြား နယ်မြေရှင်းလင်းမှုအတွင်းအကြမ်းဖက်သမားဟု ယူဆရသူ ၅ ဦးဖမ်းမိ

ဘူးသီးတောင် စိမ်းညှင်းပြား နယ်မြေရှင်းလင်းမှုအတွင်းအကြမ်းဖက်သမားဟု ယူဆရသူ ၅ ဦးဖမ်းမိ
by -
နိရဥ္စရာ
ဘူးသီးတောင် မြို့နယ် စိမ်းညှင်းပြားကျေးရွာအုပ်စု တင်ဆက်ကျေးရွာကို နယ်ခြား စောင့်ရဲတပ်ဖွဲ့က ၀င်ရောက် ရှင်းလင်းရာ အကြမ်းဖက်သမားများဟု ယူဆရသူ လူ ၅ ဦးကို ယမန်နေ့က ဖမ်းမိကြောင်း သတင်း ရရှိသည်။

ဖြစ်ပွားပုံမှာ ဇွန်လ ၂၁ ရက်နေ့က စိမ်းညှင်းပြား ကျေးရွာ အုပ်စု တင်ဆက်ကျေးရွာ အနောက်ဘက် တောင်ကုန်းများသို့ လက်နက် ကိုင်ဆောင် ထားသည့် အဖွဲ့ တစ်ဖွဲ့ ရောက်ရှိနေကြောင်း သတင်းရရှိိသဖြင့် ရဲမှူး ဥက္ကာအောင် ဦးစီးသော နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ၎င်းနေရာအား ၀င်ရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။

၎င်းနေ့ ညဥ့် ၁၁ နာရီ ၅၀ အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ တင်ဆက် ကျေးရွာ အနောက်ဘက် တောင်ကုန်း များသို့ ရောက်ရှိစဉ် မင်္သကာဖွယ်ရာ လုပ်သေနတ်ဟု ယူဆရသည့် တစ်ပေခွဲခန့် အရှည်ရှိ လက်နက် ၁ လက်ကို ကိုင်ဆောင်ထားသူ ၁ ဦးနှင့် ဓါးရှည်များ ကိုင်ဆောင်ထားသူ ၁၅ ဦးခန့်အား တွေ့ရှိရသဖြင့် ၀င်ရောက် ပစ်ခတ် ရှင်းလင်းရာ ၎င်းလက်နက် ကိုင်ဆောင် ထားသူများသည် အနောက်ဘက်တောင်ကြောပေါ်သို့ ထွက်ပြေးသွားခဲ့ကြသည်ဟု ဆိုသည်။

ထိုအခင်းဖြစ်ပွားပြီးနောက် ဇွန်လ ၂၂ ရက် နောက်တစ်နေ့တွင် အနီးအနားရှိ ကျေးရွာများအား ပိတ်ဆို့ ရှာဖွေရာ နေ့လယ် ၁ နာရီ ၃၀ မိနစ် အချိန်တွင် အကြမ်းဖက် အမာခံ သင်တန်း တက်ရောက်ထားသူ ၅ ဦးကို ဖမ်းမိနိုင်ခဲ့သည်ဟု နယ်ခြားစောင့် သတင်းရပ်ကွက်က ပြောသည်။

ဖမ်းမိသူများမှာ တင်ဆက်ကျေးရွာမှ အဘူဆွေယော့(၂၈) နှစ်(ဘ) ဟာဆောင်းရှော်ရီ ဇာဖေါအာမတ် (၃၀) နှစ်(ဘ)ဟာဆောင်း ရှော်ရီ၊ မူယာမက်အေဗျာဟိန်း(၂၄)နှစ် (ဘ)မူဟာမတ်ဟာရှိန်း၊ မာမတ်ဆီဒိတ် (၆၅)နှစ်(ဘ) ဆွေတာမောက်၊ မာမတ်တာဟာရ် (၂၉)နှစ်(ဘ)မာမတ်ဆီဒိတ် တို့ ဖြစ်ကြသည်။

ဖမ်းဆီးမိသူ ၅ ဦးအား ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်းနယ်မြေ ရုံးတွင် ဖမ်းဆီး စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...