လက္ကာကျေးရွာသားများအမှုကို အမိန့်မချဘဲ ဒုတိယအကြိမ်လျှောက်လဲချက်ပေးခဲ့ရ

လက္ကာကျေးရွာသားများအမှုကို အမိန့်မချဘဲ ဒုတိယအကြိမ်လျှောက်လဲချက်ပေးခဲ့ရ

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဆိုကာ သံသယဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်အမှုကို ဒီဇင်ဘာလ ၃ ရက်တွင် ရုံးထုတ်ရာ အမိန့်မချဖြစ်ဘဲ ဒုတိယအကြိမ် ပြန်လည်လျှောက်လဲချက်ပေးခဲ့ရကြောင်း ရှေ့နေထံမှသိရသည်။

မင်းထီး Law Firm အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက “တရားသူကြီးအသစ်ဖြစ်လို့ အမှုနဲ့ပတ်သက်ပြီး နှစ်ဖက်ရှေ့နေတွေက ဒုတိယအကြိမ်လျှောက်ခဲချက်ပေးခဲ့တယ်။ လာမယ့်ရုံးချိန်းမှာတော့ အမိန့်ချဖို့ချိန်းဆိုထားတယ်”ဟု ပြောသည်။

အဆိုပါအမှုမှာ စစ်ဆေးမှုများပြီးစီး၍ အပြီးသတ်အမိန့်ချရန်သာကျန်တော့သော်လည်း အမိန့်ချခြင်းမရှိဘဲ ရုံးချိန်းပြန်လည်ချိန်းဆိုသည်မှာ သုံးကြိမ်အထိရှိခဲ့ပြီဖြစ်သည်။

လက္ကာကျေးရွာသားများအမှုကို လာမည့် ဒီဇင်ဘာလ ၁၇ ရက်နေ့သို့ ထပ်မံရုံးချိန်းထားကြောင်း သိရသည်။

မိသားစုဝင်များမှာ ဖမ်းဆီးခံထားရသူများပြန်လည်လွတ်မြောက်လာမည့်မျှော်လင့်ချက်နှင့် ရုံးချိန်းတိုင်းလာရောက်နေကြသည်။

“နောက်တစ်ပတ် နောက်တစ်ပတ်ဘဲချိန်းနေတယ်"ဟု လက္ကာကျေးရွာမှ ဖမ်းဆီးခံထားရသူ ဦးမောင်ကြီးယေ၏ဇနီး ဒေါ်အနီမေကပြောသည်။

လက္ကာကျေးရွာသား ၂၀ ကျော်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားရင်ဆိုင်နေရသည်မှာ ၃ နှစ်ခန့် ကြာမြင့်နေပြီဖြစ်သည်။

အဆိုပါကျေးရွာသားများမှာ ၆၀/၂၀၁၉ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ ၊ ရာကြီးအမှတ် ၂/၂၀၂၀ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နှင့် ၁၉၄၉ လက်နက်အရေးပေါ်(ယာယီ) ဥပဒေပုဒ်မ-၂၁(က)တို့ဖြင့် တရားစွဲဆိုခံထားရသည်။

လက္ကာကျေးရွာသားများမှာ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် မကြေငြာသည့်အချိန်မှစ၍ ဖမ်းဆီးခံရခြင်းဖြစ်ပြီး လက်ရှိတွင် အေအေကိုအကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းထားပြီဖြစ်သော်လည်း ယနေ့အချိန်အထိ လွတ်မြောက်ခြင်းမရှိသေးပေ။

လက္ကာကျေးရွာမှဖမ်းဆီးခံရသူ ကိုထွန်းအေးကျော်၏ အစ်မဖြစ်သူ ဒေါ်တင်တင်နုက “အမြန်ဆုံး အမိန့်ချပေးပါလို့တောင်းဆိုချင်ပါတယ်။ မိသားစုဝင်တွေမှာရုံးချိန်းတစ်ခေါက်လာဖို့အတွက်လည်း မလွယ်ဘူး။ ဖမ်းဆီးခံထားရတာ သုံးနှစ်တောင်ပြည့်တော့မယ်။ အခုထိမလွှတ်နိုင်သေးဘူး”ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခ နှစ်နှစ်တာကာလအတွင်း သံသယဖြင့်ဖမ်းဆီးခံရသူ ၂၀၀ ကျော်အထိ ရှိခဲ့သည်။

AA ကိုအကြမ်းဖက်အဖွဲ့အဖြစ်မှရုပ်သိမ်းပြီးနောက် ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုနှင့် တရားစွဲဆိုခံထားရသူများ၏ အမှုအချို့ကို စစ်ကောင်စီက ရုပ်သိမ်းပေးမှုများခဲ့သော်လည်း လက်ရှိအချိန်ထိ မလွတ်မြောက်သေးသူ ၁၀၀ ကျော်အထိ ကျန်ရှိနေသေးသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...