မောင်တောမှ ဆင်းနင်းခံရသည့်အမျိုးသားတစ်ဦး ဆေးကုသရန် အကူအညီလိုအပ်နေ

မောင်တောမှ ဆင်းနင်းခံရသည့်အမျိုးသားတစ်ဦး ဆေးကုသရန် အကူအညီလိုအပ်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာမှ ဆင်နင်းခံရသည့် အမျိုးသားတစ်ဦးမှာ ဆေးကုသမှုခံယူရန် အကူအညီလိုအပ်နေကြောင်း မိသားစုများထံမှသိရသည်။

အသက်(၅၈)နှစ်အရွယ် ဦးဂုန်ဒီယာမှာ နိုဝင်ဘာလ ၂၉ ရက်နေ့က နွားပျောက်ရှာသွားစဉ် တောဆင်းရိုင်းနှင့်တွေ့ကာ ရန်ပြုခံခဲ့ရခြင်းဖြစ်သည်။

ဦဂုန်ဒီယာ၏သမီးကြီးဖြစ်သူ အသက် ၃၀ ကျော်အရွယ် ဒေါ်တင့်တင့်သန်းက “ကျွန်မအဖေက သူများနွားတွေကို အငှားကျောင်းနေတာ။ အဲဒီနေ့က နွားတစ်ကောင်ပျောက်သွားလို့သွားရှာရာက ဆင်နင်းခံရတာ။ ဆင်းရဲတဲ့မိသားစုဆိုတော့ ဆေးကုသဖို့ငွေကြေားအခက်အခဲဖြစ်နေတယ်” ဟု DMG သို့ ပြောသည်။

ဆင်နင်းခံခဲ့ရသည့် ဦးဂုန်ဒီယာမှာ ခြေနှစ်ဖက်၊ ဘယ်ဖက်မျက်လုံးနှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာများရရှိထားကြောင်း ရခိုင်ပြည်နယ် မရာမာကြီးလူငယ်ကွန်ယက်မှ ထုတ်ပြန်ထားသည်။

အဆိုပါ မရာမာကြီးလူငယ်ကွန်မှ အဖွဲ့ဝင် ဦးလှတင့်က “အခုတော့ မောင်တောဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။ သတိတော့ရတယ်။ ဒါပေမဲ့စကားမပြောနိုင်သေးဘူး။ သူ့မိသားစုက ဆင်းရဲတော့ ဆေးကုသဖို့အတွက်ငွေကြေးလိုအပ်နေတယ်။ ကူညီနိုင်မယ့်အလှူရှင်တွေကို ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။

ဆင်နင်းခံရသည့် မရာမာကြီးအမျိုးသား ဦးဂုန်ဒီယာတွင် သားသမီးသုံးဦးရှိပြီး နွားအငှားကျောင်းကာ မိသားစုကို ရှာဖွေကျွေးမွေးနေသူဖြစ်သည်။

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တောဆင်များကို မကြာခဏတွေ့ရလေ့ရှိပြီး ဒေသခံများမှာ တောတောင်သို့သွားရောက်ရန် စိုးရိမ်မှုများရှိနေကြသည်။

Most read this week

AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...
August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...