မောင်တောမှ ဆင်းနင်းခံရသည့်အမျိုးသားတစ်ဦး ဆေးကုသရန် အကူအညီလိုအပ်နေ

မောင်တောမှ ဆင်းနင်းခံရသည့်အမျိုးသားတစ်ဦး ဆေးကုသရန် အကူအညီလိုအပ်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာမှ ဆင်နင်းခံရသည့် အမျိုးသားတစ်ဦးမှာ ဆေးကုသမှုခံယူရန် အကူအညီလိုအပ်နေကြောင်း မိသားစုများထံမှသိရသည်။

အသက်(၅၈)နှစ်အရွယ် ဦးဂုန်ဒီယာမှာ နိုဝင်ဘာလ ၂၉ ရက်နေ့က နွားပျောက်ရှာသွားစဉ် တောဆင်းရိုင်းနှင့်တွေ့ကာ ရန်ပြုခံခဲ့ရခြင်းဖြစ်သည်။

ဦဂုန်ဒီယာ၏သမီးကြီးဖြစ်သူ အသက် ၃၀ ကျော်အရွယ် ဒေါ်တင့်တင့်သန်းက “ကျွန်မအဖေက သူများနွားတွေကို အငှားကျောင်းနေတာ။ အဲဒီနေ့က နွားတစ်ကောင်ပျောက်သွားလို့သွားရှာရာက ဆင်နင်းခံရတာ။ ဆင်းရဲတဲ့မိသားစုဆိုတော့ ဆေးကုသဖို့ငွေကြေားအခက်အခဲဖြစ်နေတယ်” ဟု DMG သို့ ပြောသည်။

ဆင်နင်းခံခဲ့ရသည့် ဦးဂုန်ဒီယာမှာ ခြေနှစ်ဖက်၊ ဘယ်ဖက်မျက်လုံးနှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာများရရှိထားကြောင်း ရခိုင်ပြည်နယ် မရာမာကြီးလူငယ်ကွန်ယက်မှ ထုတ်ပြန်ထားသည်။

အဆိုပါ မရာမာကြီးလူငယ်ကွန်မှ အဖွဲ့ဝင် ဦးလှတင့်က “အခုတော့ မောင်တောဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။ သတိတော့ရတယ်။ ဒါပေမဲ့စကားမပြောနိုင်သေးဘူး။ သူ့မိသားစုက ဆင်းရဲတော့ ဆေးကုသဖို့အတွက်ငွေကြေးလိုအပ်နေတယ်။ ကူညီနိုင်မယ့်အလှူရှင်တွေကို ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။

ဆင်နင်းခံရသည့် မရာမာကြီးအမျိုးသား ဦးဂုန်ဒီယာတွင် သားသမီးသုံးဦးရှိပြီး နွားအငှားကျောင်းကာ မိသားစုကို ရှာဖွေကျွေးမွေးနေသူဖြစ်သည်။

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တောဆင်များကို မကြာခဏတွေ့ရလေ့ရှိပြီး ဒေသခံများမှာ တောတောင်သို့သွားရောက်ရန် စိုးရိမ်မှုများရှိနေကြသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...