ထန်တလန်မြို့တွင် ဘုရားကျောင်းတစ်ကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါး မီးထပ်မံလောင်ကျွမ်းပြာကျ

ထန်တလန်မြို့တွင် ဘုရားကျောင်းတစ်ကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါး မီးထပ်မံလောင်ကျွမ်းပြာကျ

ချင်းပြည်နယ် ထန်တလန်မြို့တွင် နိုဝင်ဘာလ ၂၇ ညက မီးထပ်မံလောင်ကျွမ်းသောကြောင့် ဘုရားကျောင်း တစ်ကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါး ပြာကျခဲ့ရသည်ဟု သိရသည်။

ထန်တလန်မြို့ပေါ်ရှိ ဇုန်မုန်၊ စိုက်ပျိူးရေးနှင့် လုံတီာလ် စသည့်ရပ်ကွက် ၃ ခုတွင် စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညနေပိုင်းမှ မီးစတင်ကာ တစ်ညလုံးလောင်ကျွမ်းပြီးနောက် စိန့်နိကောလပ်ဘုရားကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ် ၉၆ အိမ်ခြေ လောင်ကျွမ်းပြာကျခဲ့သည်ဟု Thantlang Placement Affairs Committee ၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါမီးလောင်းကျွမ်းမှုကို နောက်တစ်နေ့မနက်ပိုင်းတွင် မီးငြိမ်းသွားခဲ့သော်လည်း နောက်တစ်ရက်မွန်းလွဲပိုင်း ၂ နာရီကျော်ကျော်ခန့်တွင် မီးပြန်လောင်ခဲ့သည်ဟု သိရသည်။

အိမ်ခြေ နှစ်ထောင်ကျော်ခန့်ရှိသော ထန်တလန်မြို့တွင် ပြီးခဲ့သည့်စက်တင်ဘာလမှစ၍ ယနေ့ထိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် ရှိုမီးကြောင့် လူနေအိမ်မီးလောင်ကျွမ်းမှု ၉ ကြိမ်မြောက်ရှိသွားပြီဖြစ်ကာ ဘုရားကျောင်း ၄ ကျောင်းအပါအဝင် အိမ်ခြေ ၃၅၀ ကျော်လောင်ကျွမ်းပြာကျခဲ့သည်။

ကလေးမြို့နယ်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ / CJ - ပုံဟောင်း
September 21, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်လိုင်ရပ်ကွက်၌ နာရေးမဏ္ဍပ် ဆောက်လုပ်ပေးနေသည့် ချင်းလူငယ် ၂ ဦးကို...
September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...