တီးတိန်မြို့နယ် အန်းလန့်ကျေးရွာတွင် မြေအက်ကွဲမှုကြောင့် အိမ်ခြေ ၈၀ ကျော် ဘေးလွတ်ရာသို့ပြောင်းရွှေ့

တီးတိန်မြို့နယ် အန်းလန့်ကျေးရွာတွင် မြေအက်ကွဲမှုကြောင့် အိမ်ခြေ ၈၀ ကျော် ဘေးလွတ်ရာသို့ပြောင်းရွှေ့

ချင်းပြည်နယ် တီးတိန်မြို့မှ ၁၈ မိုင်ခန့်ကွာဝေးသော အန်းလန့်ကျေးရွာတွင် မြေအက်ကွဲကြောင်းများဖြစ်ပွားသည့်အတွက် အိမ်ခြေ ၈၀ ကျော် ယခုအခါ ဘေးလွတ်ရာသို့ပြောင်းရွှေ့နေကြရသည်ဟု သိရသည်။

တီးတိန်မြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့ကစ၍ တစ်ပတ်ခန့်ကြာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီးနောက် အန်းလန့်ကျေးရွာတွင် ယခုကဲ့သို့ မြေအက်ကွဲကြောင်းများပေါ်ထွက်လာခြင်းဖြစ်ပြီး မြေပြိုကျမှုအန္တာရာယ်စိုးရိမ်ရသည့် အတွက် ပြောင်းရွှေ့နေကြရသည်ဟု တီးတိန်မြို့မှဒေသခံတစ်ဦးကပြောသည်။

“ပြီးခဲ့တဲ့ပတ်တုန်းက မိုးတအားများတော့လေ မြေအက်ကြောင်းတွေကွဲပြီးတော့မှ အန္တာရာယ်များလာတဲ့အတွက်ကြောင့် အိမ်ခြေ ၈၀ ကျော်လောက်က သူတို့အိမ်မှာနေလို့မရတော့လို့ တခြားနေရာသို့ရွှေ့ပြောင်းကြတယ်’’ ဟု တီးတိန်မြို့ဒေသခံ ကပြောသည်။

အိမ်ခြေ ၁၆၀ ခန့်ရှိသည့် အန်းလန့်ကျေးရွာတွင် အိမ်ခြေထက်ဝက်ကျော်မှ ဒေသခံပြည်သူများသည် ရွာနှင့် တစ်မိုင်ခန့်ဝေး သော ကျေးရွာတစ်ရွာတွင်ပြောင်းရွှေ့ကြသည့်အပြင် တီးတိန်မြို့ဘက်သို့ပြောင်းရွှေ့ကြပြီး အကူညီထောက်ပံ့မှုများလိုအ ပ်လျှက်ရှိကြောင်းသိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...