စစ်တပ်ပူးပေါင်းပြီး KNU က သတင်းထောက်တွေကို ရှင်းလင်းမယ်ဆိုတဲ့သတင်းမှား ဖြန့်ဝေ

စစ်တပ်ပူးပေါင်းပြီး KNU က သတင်းထောက်တွေကို ရှင်းလင်းမယ်ဆိုတဲ့သတင်းမှား ဖြန့်ဝေ

လွတ်မြောက်နယ်မြေတွေထဲကို ရောက်ရှိနေတဲ့ ၀ရမ်းပြေးတွေနဲ့ သတင်းထောက်တွေကို ရှင်းလင်းဖို့ KNU က စစ်တပ်နဲ့ ပူးပေါင်းလိုက်တယ်ဆိုတဲ့ သတင်းတစ်ခုကို နိုဝင်ဘာလ ၂၂ ရက်နေ့မှာ Than Htun Aung ဆိုသူ Facebook အကောင့်ပိုင်ရှင်က ရေးတင်ထားကို တွေ့ရပါတယ်။

ဒီရေးသားမှုဟာ သတင်းအမှားသာဖြစ်ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး KNU ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင် ကန့် ကွက်တယ်ဆိုတဲ့အကြောင်း တရားဝင် ထုတ်ပြန်ပြောဆိုထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ လက်ရှိ KNU ရဲ့ တပ်မ ဟာ နယ်မြေတိုင်းလိုလိုမှာလည်း CDM တွေကို လက်ခံထားပြီး PDF တွေ စစ်သင်တန်းယူနေတာကိုလည်း လက်ခံထားတဲ့ အဖွဲ့ အစည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သွားမယ်ဆိုတဲ့ စက်တင်ဘာလ ၄ ရက်နေ့က KNU ရဲ့ ထုတ်ပြန်ချက်ကို ဒီမှာ https://bit.ly/3r770PT ဝင်ကြည့်လို့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေကို အနှောက်အယှက်ပေးမယ့် ဘယ်သူ့ကိုမဆို ထိရောက်စွာ အရေးယူသွားမယ်လို့ KNU ဗဟိုရဲ့ ရပ်တည်မှုကို ထင်ဟပ်စေတဲ့ ပြောဆိုထုတ်ပြန်မှုမျိုးကိုလည်း KNU တပ်မဟာတွေက ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

KNU တပ်မဟာ ၅ မူတြော်ခရိုင်က CDM လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ သဘောထား ထုတ်ပြန်ချက်ကို ဒီမှာ https://bit.ly/3r9LUQQ တွေ့နိုင်ပါတယ်။

KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်က CDM လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ သဘောထား ထုတ်ပြန်ချက်ကိုလည်း ဒီမှာ https://bit.ly/3pk8e83 ဝင်ကြည့်လို့ရပါတယ်။

ဒါ့အပြင် KNU ဟာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC မှာလည်း ပါဝင်နေတဲ့ အဖွဲ့အစည်း ဖြစ် ပြီးတော့ NUG အစိုးရနဲ့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

NUCC က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ KNU က ပဒိုစောတောနီး ပါဝင်ဆွေးနွေးမှုကို ဒီမှာ https://bit.ly/3DUZlrs တွေ့နိုင်ပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ဖွဲ့စည်းတဲ့အခါမှာလည်း ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော် ကိုယ် စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ KNU ပါဝင်တဲ့ NUCC တို့ တိုင်ပင်ညှိနှိုင်းပြီးမှပဲ NUG ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဒီအချက်အလက်တွေ အားလုံးကို ခြုံငုံပြီးကြည့်လိုက်တဲ့အခါမှာ Than Htun Aung ဆိုသူ Facebook အကောင့်ပိုင်ရှင် ရေးတင်ထားတဲ့ KNU က စစ်တပ်နဲ့ ပူးပေါင်းလိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှန် မဟုတ်ပဲ သတင်းအမှား ဖြစ်တယ်ဆိုတာကို အချက်အလက် စစ်ဆေးချက်တွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေဟာ စာဖတ်သူတွေရဲ့ အတွေးအခေါ် အမြင်ဝေဝါးသွားအောင် ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် အခုအချိန်မှာဆိုရင် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲသတင်းတွေ၊ စစ်ကောင်စီ ခေါင်း ဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်ပေါ်မှာ သတင်းဖတ်သူတွေအနေနဲ့ သတင်းတစ်ခုကို ဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် သတင်းအမှားလား/အမှန်လား ဆိုတာကို အတည်ပြုပေးနိုင်တဲ့ သတင်းဌာနတွေက တက်လာတဲ့ သတင်းတွေနဲ့ သေချာစီစစ်ပြီးမှသာ ပြန်လည် ဖြန့်ဝေသင့်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...