အကြမ်းဖက်သမားများခိုအောင်နေသည့် ဂူတစ်ခုအား တပ်မတော်မှ ရှင်းလင်းစဉ် သုံးဦး သေဆုံး၊ ၎င်းတို့ခိုအောင်းရာလိုဏ်ဂူမှ လေ့ကျင့်ရေး သေနတ်များ၊ ရိက္ခာများဖမ်းမိ

အကြမ်းဖက်သမားများခိုအောင်နေသည့် ဂူတစ်ခုအား တပ်မတော်မှ ရှင်းလင်းစဉ် သုံးဦး သေဆုံး၊ ၎င်းတို့ခိုအောင်းရာလိုဏ်ဂူမှ လေ့ကျင့်ရေး သေနတ်များ၊ ရိက္ခာများဖမ်းမိ
by -
နိရဥ္စရာ
ဇွန် ၂၁ ရက်နေ့ နံနက် ပိုင်းက မောင်တောမြို့နယ်တောင်ပိုင်း ကင်းချောင်း ကျေးရွာ အထက်ပိုင်း မေယု တောင်ကြောတွင် အကြမ်းဖက်သမားများ ခိုအောင်းနေသည့် ဂူတစ်လုံးအား တပ်မတော်မှ ရှင်းလင်းရာ အကြမ်းဖက် သမားသုံးဦးသေဆုံးခဲဲ့ပြီး အကြမ်းဖက်အဖွဲ့၏ ဆက်စပ် ပစ္စည်း အများအပြားကို ဖမ်းမိခဲ့သည်ဟု အမည်မဖော်လိုသူ အစိုးရ တာဝန်ရှိ သူ တစ်ဦးက ပြောသည်။

ဖမ်းဆီးမိသည့် ပစ္စည်းများထဲတွင် လုပ်သေနတ် ၂ လက်၊ သစ်သား လေ့ကျင့်ရေး သေနတ် ၂၂ လက်၊ ပဲအိတ် ၁၁၀၊ ဆန် အိတ် ၅ အိတ်၊ ယမ်းမှုန့် နှင် ယမ်းကြိုးများကို သိမ်းဆည်း ရမိခဲ့သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး လမ်းပြ အဖြစ် လိုက်ပါခဲ့သည် ကံသာယာ အထက်ကျေးရွာမှ မောင်*** က “ အဲဒီမှာ အခြေချစခန်း အခိုင်အမာ တည်ဆောက် ထားတဲ့ လိုဏ််ဂူ တစ်ခုကို တပ်မတော်နဲ့ နယ်ခြားစောင့် ပူးပေါင်း တပ်ဖွဲ့တို့ လိုက်လံရှင်းလင်းစဉ်မှာ တွေ့ရှိရပါတယ်။ အဲဒီဂူအထဲမှာ ပဲအိတ် ၁၁၀ နဲ့ ဆန်အိတ်အနည်းအငယ်ကို တွေ့ ရပါတယ်။ တိုက်ခိုက်လေ့ကျင့်ရေး လုပ်တဲ့ လက်နက်များတွေ့ရှိခဲ့ပါတယ်။ တိုက်ပွဲကတော့ သိပ်မပြင်းထန်ပါဘူး။ ဂူထဲကနေ ထွက်လာတဲ့ အကြမ်းဖက်သမားတစ်ယောက်ကို တပ်က ပစ်လိုက်တဲ့ အတွက် သေဆုံးသွားပါတယ်” ဟု ပြောကြားသည်။

ဂူထဲကို လက်နက်ကြီးဖြင့် ပစ်သွင်းလိုက်ရာတွင် ဂူမြေပြိုပြီး နောက်ထပ် အကြမ်းဖက်သမား ၂ ဦး သေဆုံးသွားခဲ့သည်ဟု သိရှိရကြောင်း သူက ပြောသည်။

“ တိုက်ပွဲတော့ ဖြစ်ပါတယ်။ သိပ်မပြင်းထန်ပါဘူး။ အဓိကကတော့ အဲဒီနေရာက ဘင်္ဂလီ အကြမ်းဖက်တွေစုပြီး စစ်ရေးလေ့ကျင့်တဲ့ နေရာဖြစ်နေပါတယ်။ အကြမ်းဖက် သမားတွေက အရပ်သားအသွင် ခြေရာဖျောက်နေပြီး အချိန်း အချက်လုပ်ကာ ဒီစခန်းမှာ လျှို့ဝှက် လေ့ကျင့်ရေးတွေ လုပ်တဲ့သဘောလို့ ထင်ရပါတယ်” ဟု သူက ဆိုသည်။

ရိက္ခာများမှာ တစ်ဖက်နိုင်ငံမှ အကြမ်းဖက်အဖွဲ့များ လာရောက်ခိုလုံစဉ် အသုံးပြုရန် ဖြစ်သည်ဟု သူက ဆိုသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...