ဆော်လိုမွန်ကျွန်းနိုင်ငံမှာ တရုတ်ပိုင် အဆောက်အအုံတွေ လုယက်မီးရှို့ခံရ

ဆော်လိုမွန်ကျွန်းနိုင်ငံမှာ တရုတ်ပိုင် အဆောက်အအုံတွေ လုယက်မီးရှို့ခံရ

ဆော်လိုမွန်ကျွန်းနိုင်ငံမှာ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒုတိယမြောက်နေ့အတွင်း မြို့တော် ဟိုနီးယားရားက တရုတ်တန်းကို ပစ်မှတ်ထားပြီး ဆူပူအုံကြွသူတွေက အဆောက်အအုံတွေကို ကြာသပတေးနေ့မှာ မီးရှို့ကြပါဝယ်။

လူအုပ်ဟာ အစိုးရရဲ့ လော့ဒေါင်းကို ဖီဆန်ပြီး လမ်းတွေပေါ် ထွက်လာကြတာဖြစ်တယ်လို့ မျက်မြင်တွေနဲ့ ပြည်တွင်းမီဒီယာတွေက သတင်းဖော်ပြကြပါတယ်။

တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုတွေမှာလည်း မီးလောင်ကျွမ်းတဲ့ အဆောက်အအုံတွေကို တွေ့မြင်ရသလို မြို့တော် ကောင်းကင်ထက် မီးခိုးလုံးတွေ လွင့်တက်နေတာကိုလည်း မြင်တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာလည်း မြို့တော်မှာ ဝရုန်းသုန်းကား အခြေအနေ ဖြစ်ပေါ်ခဲ့ရာမှ ဆန္ဒပြသူတွေက လွှတ်တော်ကို ဝင်စီးနင်းဖို့ ကြိုးစားကြသလို ဝန်ကြီးချုပ် မာနာဆက် ဆိုဂါဗာရီကိုလည်း ဖြုတ်ချဖို့ ကြိုးပမ်းကြတာ ဖြစ်ပါတယ်။

မြို့တော်ရဲ့ တရုတ်တန်းက စီးပွားရေးလုပ်ငန်းတွေ လုယက်မီးရှို့ခံရတာကြောင့် တရုတ်သံရုံးကနေပြီး “အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း” ဆော်လိုမွန် အစိုးရကို အရေးဆိုထားပါတယ်။

“တရုတ် လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ကာကွယ်ပေးဖို့အတွက် လိုအပ်သမျှ အရာရာ ဆောင်ရွက်ဖို့ ဆော်လိုမွန်ကျွန်းနိုင်ငံကို မေတ္တာရပ်ခံထားပါတယ်”လို့ ထုတ်ပြန်ချက်မှာ တရုတ်သံရုံးက ပြောပါတယ်။

အစိုးရက အခြေအနေကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်တယ်ဆိုပြီး ဝန်ကြီးချုပ် ဆိုဂါဗာရီက ဆိုပါတယ်။

“ဒီကနေ့မှာ ကျွန်တော် ခင်ဗျားတို့ရှေ့ ရပ်နေတာဟာ ကျွန်တော်တို့ နိုင်ငံက ဘေးကင်းတယ်ဆိုတာကို ပြောပြဖို့ပါ”လို့ သူက ဆိုပြီး ကျူးလွန်သူတွေ အားလုံးကို ဥပဒေနဲ့ အပြည့်အဝ ကိုင်တွယ်သွားမယ်လို့ ဖြည့်စွက်ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က လွှတ်တော်ကို ဝင်စီးတာ မအောင်မြင်ခဲ့တဲ့နောက်မှာ ဆူပူအုံကြွသူတွေဟာ အဲဒီနေ့ နှောင်းပိုင်းမှာ တရုတ်တန်းဖက် ဒေါသတကြီး စီးနင်းပြီး ရဲစခန်းကိုလည်း မွှေနှောက်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

ရဲတွေက အတားအဆီးတွေ စိုက်ထူထားပေမယ့် အုံကြွမှုက ရပ်သွားပုံမှာ မရှိဘူးလို့ အမည်မဖော်လိုတဲ့ အဲဒီ ဒေသခံက ဆိုပါတယ်။

“လူအုပ်စု ဟိုသည်သွားနေကြတယ်၊ တော်တော်လေး တင်းမာနေတာ ဖြစ်တယ်”လို့ သူက ပြောသလို လုယက်မှုတွေနဲ့ ရဲက မျက်ရည်ယိုဓာတ်ငွေ့ သုံးရတာတွေ ရှိနေတယ်လို့ ပြည်တွင်းသတင်းတွေကလည်း ဖော်ပြပါတယ်။

မြို့တော်မှာ ဆန္ဒပြသူ အများစုဟာ အနီးနား မော့လီတာကျွန်းက ဒေသခံတွေ အများစုဖြစ်ပြီး ဗဟိုအစိုးရက လျစ်လျူရှုတာ ရင်ဆိုင်နေရတယ်လို့ သူတို့တွေ အရေးဆိုနေကြတာပဲ ဖြစ်ပါတယ်

ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...
ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...