အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့အတွက် သူတို့ပြောတဲ့ သူတို့စကား

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့အတွက် သူတို့ပြောတဲ့ သူတို့စကား

နိုဝင်ဘာလ ၂၅ရက်နေ့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ ဖြစ်ပါသည်။ ထိုနေ့ရက်မှစ၍ ဒီဇင်ဘာလ ၁၀ရက်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိ ၁၆ ရက်တာအတွင်း အမျိုးသမီးအ ရေး တက်ကြွလှုပ်ရှားနေကြသည့် အဖွဲ့အစည်းများက အလွှာအသီးသီးရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုအစီအစဉ်ကို ၎င်းတို့လက်လှမ်းမှီရာ နယ်မြေဒေသများ၌ ပြုလုပ်ကျင်းပ ပညာပေးခဲ့ကြသည်။

အဆိုပါ ၁၆ ရက်တာလှုပ်ရှားမှု(16 Days Campaign)နှင့် ပတ်သက်၍ ကရင်လူမှုအသိုင်းအဝိုင်းအတွင်း ဖြစ်ပျက်မှုနှင့် သက်ရောက်မှု အခြေအနေများကို ကရင်လူထုအခြေပြု အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်အချို့ကို ကေအိုင်စီက မေးမြန်းထားပါသည်။

စောနန္ဒစူး - စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ (KHRG)

ကျနော်တို့လူမှုအသိုင်းအဝိုင်းထဲမှာ အမျိုးသမီးများအပေါ်ညှင်းပမ်းနှိပ်စက်မှုတွေရှိနေတုန်းပါပဲ။ မြန်မာပြည် တွင်းထဲမှာဆိုရင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်ပြီးရင်၊ အမျိုးသမီးများကို အပြစ်တင်ရှုတ်ချတာမျိုး တွေ ယနေ့အချိန်ထိ ရှိနေသေးတယ်။ ဒါကြောင့်နိုင်ငံတကာက ပြုလုပ်တဲ့ ၁၆ ရက်တာ အမျိုးသမီးများအအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားမှုကိုတော့ အားလုံး သိရှိအောင် အကျယ်တဝင့် လုပ်ဆောင်ရမယ်။ ဒါမှလူမှုအ သိုင်းအဝိုင်းမှာ ဒီဟာတွေကို သိရှိလာပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေနည်းလာမယ်။ နောက် အမျိုးသမီး အခွင့်အရေးတွေ ပိုမိုပြီး ကောင်းမွန်လာမယ်။

အဓိကတော့ အမျိုးသမီးများအပေါ် ညှင်းပမ်းနှိပ်စက်မှုအားလုံးသည် အမှန်တရား ပေါ်ပေါက်ရမယ်။ ကျနော် တို့ လေ့လာသိရှိရသလောက် ဒီအရာတွေအတွက် အမှန်တရားမပေါ်ပေါက်ဘဲနဲ့ ညှင်းပမ်းနှိပ်စက်မှုတွေ အခုအချိန်ထိ ရှိနေသေးတယ်။ ဒါကြောင့်မို့လို့ ဒီအရာတွေပျောက်သွားအောင် ကျနော်တို့လုပ်ရမယ်။ ယနေ့အချိန်မှာဆိုရင် အမျိုးသ မီးတွေဟာ ဘယ်အချိန်မဆို လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခံရမှုတွေ အချိန်မရွေး ကြုံတွေ့နေရတယ်။ နောက်အနာဂတ်မှာ ဒီဟာတွေ ပပျောက်သွားတာမျိုးကို မြင်ချင်တယ်။ နောက်တစ်ချက်က ဒီအရာတွေပပျောက်သွားအောင် ကျနော်တို့က ပညာပေးအစီအစဉ်တွေ၊ အမျိုးသမီးအခွင့်အရေးများနဲ့ဆိုင်တဲ့အရာတွေကို အမြဲတမ်းလုပ်ရမယ်။ ဒါမှ အမျိုးသမီးတွေ လည်း ပြောရဲဆိုရဲရှိလာမယ်။ အဓိက ညှင်းပမ်းနှိပ်စက်ခံရတဲ့ အမျိုးသမီးတွေ ထုတ်ဖေါ်ပြောဆိုမှုတွေရှိမှသာ အမှန်တ ရားကိုရလာပြီး ဒီအရာတွေ ပပျောက်သွားဖို့အတွက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

နော်ဒါးမူ - ပြည်တွင်းရေးရာ လူမှုရေး တာဝန်ခံ (KWO)

၁၆ရက်တာလှုပ်ရှားမှုကိုပြန်ကြည့်မယ်ဆိုရင် လူမှုအသိုင်းအဝိုင်းက လူတော်တော်များများသိရှိလာပါပြီး။ ရာခိုင်နှုန်းအရ ပြန်ကြည့်မယ်ဆိုရင် ၁၀၀ မှာ ၅၀ ရာခိုင်နှုန်းလောက် ရှိလာပြီး။ များသောအားဖြင့်ကတော့ နယ်စပ်ဒုက္ခ သည်စခန်းတွေမှာ နောက်တိုင်းရင်းသားနယ်မြေဒေသတွေမှာဆိုရင် သိရှိလာကြပြီး။ ရှေ့ဆက်အနာဂတ်မှာ အမျိုးသမီး အပေါ် အကြမ်းဖက်မှုတွေ လုံးဝ မရှိတော့တာကို မြင်ချင်တယ်။ မျှော်လင့်တယ်။ ဒါပေမဲ့ ချက်ချင်းတော့ ဖြစ်လာနိုင်မှာ မဟုတ်သေးဘူး။ ကျမတို့ လူမှုအသိုင်းအဝိုင်းမှာဆိုရင် ကျား၊မတန်းတူညီမျှခွင့်ရှိဖို့ လိုသေးတယ်။ နောက်တစ်ခုက တရားဥပဒေစိုးမိုးမှုရှိဖို့ လိုအပ်တယ်။ ရေးချထားတဲ့ တရားဥပဒေတွေက ရှိနေတဲ့အပေါ်မှာ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ လိုတယ်။ နောက် ကျမတို့ လူမှုအသိုင်းအဝိုင်းမှာလည်း တရားဥပဒေနဲ့ဆိုင်တဲ့အရာ တွေကို သိရှိနားလည်ဖို့လိုတဲ့အတွက် ဥပဒေပညာပေးမှုတွေကို ပြုလုပ်ဖို့လိုအပ်တယ်။

ကျမတို့ လူမှုအသိုင်းအဝိုင်းမှာ အိမ်တွင်းအကြမ်းဖက်မှုတွေဆိုရင် ပြစ်မှုကျူးလွန်တယ်လို့ မယူဆကြဘူး။ ဒါပေမဲ့ ဒီဟာတွေက ပြစ်မှုကို ကျူးလွန်ချိုးဖောက်နေတာဖြစ်တယ်။ နောက်နောင် ဒီအရာတွေမဖြစ်လာတော့အောင် (သက်ဆိုင်တဲ့) ဥပဒေ၊ ပုဒ်မတွေကို လူမှုအသိုင်းအဝိုင်းမှာ သိရှိနားလည်ဖို့လိုတယ်။ ဒီအရာတွေကို သူတို့သိရှိနားလည် လာမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေက နည်းလာမယ်။

နော်ရှီးဝါး (ဖားအံခရိုင်၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO အတွင်းရေးမှူး)

ဒီ ၁၆ ရက်နေ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျမတို့လူမှုအသိုင်းအဝိုင်းအတွက် အများကြီး အကျိုး သက်ရောက်မှု ရှိတယ်။ ဘာဖြစ်လဲဆိုတော့ ဒါကို ကျမတို့ နှစ်အတော်များများကတည်းက ကရင်ပြည်နယ်ထဲမှာ လှုပ်ရှားခဲ့တာ။ အမျိုးသမီးအတော်များများ အကြမ်းဖက်ခံရမှု ပုံံစံမျိုးစုံကို တွေ့ကြုံခဲ့ရတယ်။ ကျမတို့ကို လာတင်ပြ၊ ပြောပြတာမျိုးလည်း ရှိတယ်။ ဒါမျိုးတွေက အရင်ကတည်းက အများကြီး ရှိပေမဲ့ မပေါ်ခဲ့ဘူး။ အရေးယူ ဖြေရှင်းမှုတွေ လည်း သေသေချာချာ မရှိခဲ့ဖူးဘူး။ ဒါမျိုး လုပ်ပေးတော့ ကိုယ့်လူမှုအသိုင်းအဝိုင်းသာမက အကြမ်းဖက်ခံရတဲ့ အမျိုးသ မီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ကိုယ့်အခွင့်အရေးကိုယ် ပိုနားလည်လာကြတယ်။

ဒီလို လှုပ်ရှားမှုတွေ ဆက်လုပ်ခြင်းအားဖြင့် အမျိုးသမီးတွေအနေနဲ့ ကိုယ့်အခွင့်အရေးကိုယ် ပိုနားလည်လာဖို့ မျှော်လင့်တယ်။ မိမိကိုယ်ကို ယုံကြည်မှုတွေလည်း များလာမယ်။ အနာဂတ်မှာလည်း အမျိုးမျိုးသော အကြမ်းဖက်မှု တွေ လျော့ကျလာမယ်လို့ ယုံကြည်တယ်။ ကျမတို့ရဲ့ လှုပ်ရှားမှုကြောင့်ပဲ တချို့ဆိုရင် ကိုယ့်အခွင့်အရေး ကိုယ်နား လည်လာကြပြီး၊ တချို့ဆိုရင် အရေးယူနိုင်တာမျိုးရှိသလို တချို့ကျတော့ ပြဿနာကို ကိုယ်တိုင်ဖြေရှင်း လာနိုင်ကြတာ လည်း တွေ့ရတယ်။

စောမင်းခလိန်း (ဒါရိုက်တာ၊ ကော့ကရိတ်မြို့နယ် Harmony Youth Association - HYA)

(၁၆)ရက်တာ လှုပ်ရှားမှုက အမျိုးသမီးအခွင့်အရေးအတွက် လုပ်တာပေါ့လေ။ အဲဒီတော့ ထိရောက်မှု ဘယ် လောက်ရှိသလဲဆိုရင် နံပါတ်(၁)အချက်က လုပ်ရိုးလုပ်စဉ်ပေါ့။ ဆိုလိုတာက သာမန်အားဖြင့် အမျိုးသမီးအတွက်ကို ကြည့်ပြီးတော့ သူ့တို့ရဲ့ အခွင့်အရေးတွေကို ဖော်ထုတ်တာဖြစ်တယ်။ ပြီးတော့ သူတို့အခွင့်အရေးကို ကာကွယ်ဖို့အ တွက် မြှင့်တင်တာပေါ့လေ။ အဲဒီအခါကျတော့ ဒီဘက် နိုင်ငံရေးတို့နဲ့ တွဲမြင်လို့မရဘူးပေါ့။ အဓိကတော့ ဒီဘက်အရပ် ထဲ Community ထဲမှာဆိုရင် level အဆင့်ဆင့်ရှိတဲ့အခါကျတော့ အမျိုးသမီးအခွင့်အရေး ဘယ်လောက်ရှိလဲ မြှင့်တင် ပေးတာ တစ်ကန့်ပေါ့။

ပြီးတော့ လက်ရှိ ကျနော်တို့ နိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိတော့ဘူး။ အကုန်ပျက်သွားတာပေါ့နော်။ အခွင့် အရေးတွေက ဘယ်လိုပဲအော်အော် လူ့အခွင့်အရေးက တစ်နေ့ထက်တစ်နေ့ ချိုးဖောက်မှုက များလာတယ်။ အမျိုး သမီး၊ အမျိုးသားအပါအဝင် အလွှာစုံအားလုံး လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ ဒီအချိန်မှာ လှုပ်ရှားမှုတွေလုပ် ရင် စကစတွေဘက်ကကော ဘယ်လောက်အထိ အာရုံလာမလဲ မေးခွန်းက မေးစရာရှိတာပေါ့နော်။ သေချာတာက ဘာပဲလုပ်လုပ် သူတို့က အာရုံလာမှာမဟုတ်ဘူး။ ဒါပေမယ့် လှုပ်ရှားမှုတွေ လုပ်ခြင်းအားဖြင့် လူ့အခွင့်အရေးတွေ သိလာမယ်။ ပြီးတော့ လူမှုပတ်ဝန်းကျင်မှာ အချင်းချင်း သဟဇာတပိုပြီးအားကောင်းလာမယ်။ အမြင်တွေ ပွင့်လာမယ် ပေါ့။ အဲဒီအထိတော့ သက်ရောက်မှုတော့ ရှိလာနိုင်တယ်။

အခုဒေသတွေမှာ လူငယ်အမျိုးသမီးတွေကလည်း အကြမ်းဖက်ခံရမှုများလာတယ်။ လူငယ်တွေက ချစ်ကြိုက် ပြီးတော့ သဘောမတူတာတို့ လျော်ကြေးနဲ့ဆုံးဖြတ်ချက်ချပြီး မကျေနပ်ပေမယ့်လည်း ကျေနပ်ရတဲ့အပိုင်းတွေ အများ ကြီးရှိတယ်။ နောက်တစ်ခုက လူမှုစီးပွားအဆင်မပြေတဲ့အခါကျတော့ အိမ်တွင်းအကြမ်းဖက်မှုက အများကြီးရှိလာ တယ်။ သက်ငယ်မုဒိမ်းမှုတွေလည်း ရှိလာတယ်။ အဲဒီထဲမှာ အများဆုံးကတော့ အိမ်တွင်းအကြမ်းဖက်မှုက အများဆုံးရှိ တယ်။ ပြီးတော့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေလည်း များတယ်။ အထူးသဖြင့်က တရားမျှတမှု မရှိတာပေါ့။ တရား ရုံးတွေလည်း မရှိတဲ့အခါကျတော့ အများအားဖြင့်က ရွာအဆင့်မှာ သွားလိုက်တယ်။ ရွာတွေမှာက ဥပဒေနားလည်တာ အားနည်းနေတော့ သူတို့လုပ်နေကျအတိုင်းပဲ တရားစီရင်တယ်။ အဲလိုတွေ ဆုံးဖြတ်ပြီးလုပ်ဆောင်တာတွေကြောင့် အမျိုးသမီးတွေ နစ်နာရတာ အများကြီးရှိတယ်။

ဒီအမျိုးသမီး အကြမ်းဖက်မှုပပျောက်ဖို့က လူတွေအားလုံးပါဝင်ရမယ်။ အလွှာပေါင်းစုံပေါ့-ဥပမာ ဆုံးဖြတ်ချက် ချနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ ပြီးတော့ ဩဇာရှိတဲ့ပုဂ္ဂိုလ်တွေ ပါဝင်ရမယ်။ ဆိုလိုတာက ရွာသူကြီး အကြာကြီးလုပ်ခဲ့တဲ့ ပုဂ္ဂိုလ် တွေ၊ ရပ်မိရပ်ဖတွေလည်း ဖြစ်နိုင်တာပေါ့။ အဲဒါက Community အတွင်း Level ပေါ့။ ပြီးရင်တော့ ဌာနဆိုင်ရာပေါ့။ အဲဒီမှာက အစိုးရဌာနဆိုင်ရာလည်း ဖြစ်နိုင်တယ်။ လက်နက်ကိုင်ဘက်မှာလည်း ဖြစ်နိုင်တယ်။ ဒေသအာဏာပိုင်တွေ ပေါ့။ အခုဆိုရင် အမျိုးသမီးအဖွဲ့တွေလည်း အများကြီးရှိလာတယ်။ ရွာတွေထဲမှာလည်း အမျိုးသမီးအဖွဲ့ ဖွဲ့ထားတာ တွေ ရှိတယ်။ အဲဒါကို ဒေသအာဏာပိုင်တွေ၊ ပြီးတော့ လူငယ်တွေနဲ့  ပူးပေါင်းပြီး လှုပ်ရှားမှုတွေ များများလုပ်ဆောင်ဖို့ လိုတယ်။ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတော့ အမြင်ဖွင့်လုပ်ပေးသင့်တယ်။ ပြီးတော့ တရားမျှတမှုစနစ်ကို အားကောင်း အောင် တွန်းအားပေးဖို့လိုတယ်။ ပြီးတော့ တရားဥပဒေစိုးမိုးရေး (rule of law ) ပေါ့။ ဥပဒေအပိုင်း ပြောတဲ့အချိန်မှာ ကျနော်တို့ဒေသမှာဆိုရင် အစိုးရဘက်မှာရော၊ ဒီ KNU ဘက်မှာရော နှစ်ဖက်စလုံးမှာရှိတယ်။ ဘယ်ဖက်ပဲဖြစ်ဖြစ် rule of law ဖြစ်အောင် အကောင်အထည်ဖော်ရမယ်။ ပြီးတော့ လူမှုသဟဇာတဖြစ်အောင် အားလုံး ဝိုင်းဝန်းလုပ်ဆောင်ရ မှာဖြစ်တယ်လို့ မြင်တယ်။

နော်ဆဲဆဲ (အတွင်းရေးမှူးအဖွဲ့၊ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ)

၁၆ ရက် ကဲန်ပိန်းကို ကျမတို့ကြည့်မယ်ဆိုရင် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ်ဖြစ်စေ လိင်အခြေ ပြုဆိုင်ရာ အကြမ်းဖက်မှု အမျိုးမျိုးကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခုပါပဲ။ ဒီလှုပ်ရှားမှုနဲ့ ဒီနေ့ထူးနေ့မြတ်ဟာ ကမ္ဘာလုံး ဆိုင်ရာ လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေဟာ ပြောရရင်တော့ လက်ရှိအချိန်ထိ ဖြစ်ရှိနေဆဲပါပဲ။ ဒီကိစ္စကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ နှစ်စဉ် ကျင်းပပြုလုပ်လာခဲ့ပေမယ့် လျော့နည်းမသွားသေးဘဲ များများလာတယ်။ ဘာလို့လဲ ဆိုရင် ဒေသတွင်း နိုင်ငံရေးအခြေအနေ မတည်ငြိမ်တော့ ရှာဖွေစားသောက်ရတာ၊ လုပ်ကိုင်ရတာတွေကလည်း ခက်ခဲ ကြပြီး အကြမ်းဖက်မှုတွေက အိမ်တွင်းမှာဖြစ်စေ၊ စီးပွားရေးပိုင်းမှာဖြစ်စေ၊ လိင်အခြေပြုမှုပေါ်မှာဖြစ်စေ ဖြစ်ပွားလေ့ရှိ နေကြတယ်။

ဒါကြောင့် အခုလိုကာလမှာ ဒီလိုအကြမ်းဖက်မှုတွေ ရပ်တန့်ဖို့က လူတိုင်းမှာ တာဝန်ရှိကြပါတယ်။ ဒါက အမျိုးသမီးနဲ့ပဲ သက်ဆိုင်တာတယ်။ အမျိုးသမီးတွေပဲ ရပ်တန့်အောင် လှုပ်ရှားရမယ် မဟုတ်ဘူးပေါ့နော်။ အားလုံးက ကျနော်၊ ကျမတို့တွေဟာ အကြမ်းဖက်မှုကို မလိုလားတဲ့အတွက် အကြမ်းဖက်မှုလုပ်ငန်းကို မလုပ်ဘူး။ ကလေးအပေါ် မှာပဲဖြစ်စေ၊ အမျိုးသမီးတွေအပေါ်ဖြစ်စေ အကြမ်းဖက်မှု မရှိဖို့အတွက် ကျနော်၊ ကျမတို့ လှုပ်ရှားဆောင်ရွက်ကြမယ်။ အဲလိုအတွေးအခေါ် စဉ်းစားချက်မျိုး အားလုံးမှာရှိဖို့လိုအပ်ပါတယ်။ လက်ရှိအချိန်မှာ အကြမ်းဖက်မှုလုပ်ငန်းတွေကို လုပ်ဆောင်တာ အများစုက အမျိုးသားတွေ ဖြစ်ကြတယ်။ သို့သော်လည်း အမျိုးသမီးအပေါ် အကြမ်းဖက်မှု ပပျောက် ရေးအတွက် လှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့အခါမှာ သူတို့နဲ့ မဆိုင်ဘူးဆိုပြီး အဲလိုနေကြတဲ့သူတွေရှိပါတယ်။ ကျမတို့ အားလုံး အတူတကွ လှုပ်ရှားဆောင်ရွက်ရမယ်။

အမျိုးသမီးအပေါ် အကြမ်းဖက်မှု ကျူးလွန်တယ်ဆိုတာ ရာဇဝတ်မှုမြောက်တယ်။ ဥပဒေကို ချိုးဖောက်တယ် ဆိုတာ လက်ခံဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် ဒါတွေကို ချိုးဖောက်ကျူးလွန်သူတွေဆိုရင် အရေးယူဆောင်ရွက်မှုတွေ လုပ်ရမယ်။ ထုတ်ဖော်ပြောဆိုမှုတွေ လုပ်ရမယ်ပေါ့နော်။ ကျမတို့ ထုတ်ဖော်မပြောဘူး။ အရေးယူဆောင်ရွက်တာတွေ မလုပ်ဘူးဆိုရင် ဒီအကြမ်းဖက်မှုတွေက ပပျောက်သွားမှာမဟုတ်ဘူးပေါ့နော်။ ဒါတွေက ရှိနေတုန်းပါပဲ။ ပြောင်းလဲသွား တာ မရှိသေးဘူးပေါ့နော်။ အဲဒါကြောင့် ဒါဟာ အမျိုးသမီးတွေရဲ့ တာဝန်သာမဟုတ်ဘဲနဲ့ အတူတကွ လှုပ်ရှားဆောင် ရွက်ရမှာဖြစ်ပါတယ်။

Most read this week

May 14, 2024
အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်သတင်းလွတ်လပ်ခွင့်ကို ပံ့ပိုးပေးရန် ရည်ရွယ်ဖွဲ့စည်းထားသည့် WAN-IFRA...
May 14, 2024
ထိုင်း-မြန်မာနယ်စပ်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆) ဘုရား သုံးဆူမြို့...
May 13, 2024
မြဝတီမြို့သို့ စစ်ကူလာသော စစ်ကောင်စီတပ်၏ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းများသည် ဒေါန...