စားအုန်းဆီတစ်ပိဿာကို ၄၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေ

စားအုန်းဆီတစ်ပိဿာကို ၄၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေ

ရခိုင်တွင် မြင့်တက်လာသည့်စားအုန်းဆီစျေးကွက်ကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်ပြီး ဝယ်ယူထားသည့်စားအုန်းဆီပိဿာ သုံးသောင်းကျော်ကို တစ်ပိဿလျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွက်ဝယ်ယူထားသည့် စားအုန်းဆီ ၃၀၈၀၀ ပ်ဿာရောက်ရှိ၍ ရောင်းချနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင့်အောင်ဦးကပြောသည်။

"အစိုးရကချပေးတဲ့ဆီတွေကို ကျွန်တော်တို့အသင်းက သူတို့ကိုဝယ်ခွင့်ရအောင် ကူညီပေးလိုက်တယ်။ ကျန်တာကတော့ သူ့အပိုင်းပါ။ လက်ရှိမှာတော့ စစ်တွေမြို့ city ဆိုင်မှာ ရောင်းချနေတယ်လို့သိရပါတယ်"ဟု ၎င်းကဆိုသည်။

အဆိုပါစားအုန်းဆီများကို စားသုံးသူများ စျေးနှုန်းသက်သာချောင်ချိရေးအတွက် လူတစ်ဦးလျှင် တစ်ပိသာကို ၄၀၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးနေကြောင်း City စားအုန်းဆီဆိုင်မှ မန်နေဂျာ ကိုတင့်မင်းထွန်းကပြောသည်။

"ဆီတွေကိုခွဲဝေလိုက်တော့ ကျွန်တော်တို့ဆိုင်က ၇၁ ပီပါ ရတယ်။ တစ်ပီပါမှာပိသာ ၁၁၀ ပါတယ်။ စားအုန်းဆီတစ်ပိသာကို ၄၀၀၀ ကျပ်နှုန်းနဲ့ရောင်းချပေးနေပါတယ်။ ဆီရောက်တာကတော့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကရောက်တာပါ"ဟု ၄င်းကဆိုသည်။

စားအုန်းဆီပီပါ ၃၀ ခန့်ရရှိသည့် စစ်တွေမြို့မှ ကုန်သည်လုပ်ငန်းလုပ်ကိုင်သူဦးလှမောင်သိန်းကလည်း သယ်ယူခနှင့် အမြတ်ငွေ ၂ ရာခိုင်နှုန်းကိုတွက်ချက်ပြီး ဆီတစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ ဝန်းကျင်ခန့်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းပြောသည်။

"အစိုးရဆီကဝယ်ရတာနဲ့ အပြင်ကဝယ်ရတာက စျေးကကွာတယ်။ အစိုးရဆီကရောက်တာကိုတော့ စျေးလျော့ရောင်းလို့ရတယ်။ အပြင်ကဝယ်တာကိုကျတော့ စျေးလျော့လို့ရောင်းမရဘူး။ကျွန်တော်တို့အပြင်ကဝယ်ရင် တစ်ပိသာကို ၄၃၀၀ ကျပ်ပေးပြီးတော့ဝယ်နေရတယ်"ဟု ၄င်းကဆိုသည်။

လက်ရှိတွင် စားအုန်းဆီတစ်ပိသာကို ၄၉၀၀ ကျပ်ရှိပြီး ယခုထက်ပိုသည့်ဆီပမာဏများများရရှိနိုင်မှသာ စားအုန်းဆီစျေးလျှော့ကျလာနိုင်မည်ဖြစ်ကြောင်း ဆီလုပ်ငန်းလုပ်ကိုုင်နေသူများက ာပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်ဈေးနှုန်းမှာ နှစ်ဆနီးပါးမြင့်တက်လာသောကြောင့် အခြေခံလူတန်းစားများမှာ အခက်အခဲဖြစ်နေကြရသည်။

May 21, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးသို့ ချဉ်းကပ်လာသော အာဏာသိမ်းစစ်တပ်သည် အာရက္ခတပ်တော်၏...
စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် နေဗီတစ်စီး။ ဓာတ်ပုံ - CINCDS
May 20, 2026
စစ်အုပ်စုနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်...
May 19, 2026
အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် လက်ရှိတွင် ပဲခူးတိုင်း၊...
May 18, 2026
စစ်အစိုးရ ထိန်းချုပ်နေဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် မြို့အဝင်အထွက် နေရာများ၊...