မုံရွာ - မန္တလေး ကားလမ်းကိုဖြတ်ပြီး ခရီးမသွားကြရန် ပြည်သူ့ကာကွယ်ရေးတပ် သတိပေး

မုံရွာ - မန္တလေး ကားလမ်းကိုဖြတ်ပြီး ခရီးမသွားကြရန် ပြည်သူ့ကာကွယ်ရေးတပ် သတိပေး

မုံရွာ-မန္တလေး ကားလမ်းကို အသုံးပြုနေသည့် ခရီးသွားပြည်သူများ ဆက်လက် ခရီးမသွားရန် ယနေ့ နိုဝင်ဘာလ ၂၄ ရက် နေ့လယ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်သည့် Ghost Team Ranger Myinmu (GTR MMU)က သတင်းထုတ်ပြန်သည်။

"ယခုအချိန်မှစ၍ မုံရွာ-မန္တလေး ကားလမ်းပေါ် ခရီးသွားလာနေသော ပြည်သူများ၏ကားများ ရောက်ရာနေရာတွင် ရပ်တန့်ထားပါရန် အထူးသတိပေးလိုက်ပါသည်။ လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာသည့် အခြေအနေများအား လုံးဝတာဝန်မယူပါ" ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။

လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေ၍ ယင်းကဲ့သို့ သတိပေးတားမြစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီနေ့ စစ်ကောင်စီ ယာဉ်တန်းတွေဖြတ်နေလို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုတွေဖြစ်နေလို့ပါ။ ပြည်သူတွေအန္တရာယ်ဖြစ်မှာစိုးလို့ လမ်းပိုင်းတွေကို ထိန်းလိုက်တာပါ။ အဓိကစစ်ခွေး(စစ်သား) တွေက RPG (အဝေးပစ်လောင်ချာ) တွေပါလာလို့ပါ " ဟု GTR MMU အဖွဲ့က ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက် ည ၁၀ နာရီခန့်တွင် စစ်ကိုင်းဘက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်သားများပါ အရပ်သားကားကို ဒေသခံပြောက်ကျားအဖွဲ့က မိုင်းသုံးလုံးဖြင့်တိုက်ခိုက်ခဲ့သည်။

ထိုဖြစ်စဉ်အတွက် မိုင်းရှင်းရန်လာသည့် စစ်ကောင်စီကားနှစ်စီးကို မုံရွာ-မန္တလေး ကားလမ်းပေါ်တွင် ယနေ့ နံနက် ၈ နာရီခန့်က ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ထပ်မံ မိုင်းခွဲခဲ့သည်။

ယင်းဖောက်ခွဲမှုကြောင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်သား ငါးဦး သေဆုံးကာ အနည်းဆုံး သုံးဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းဖောက်ခွဲတိုက်ခိုက်မှုများကြောင့် နှစ်ဖက် စစ်ရေးအခြေအနေများ တင်းမာလာနိုင်ကြောင်း GTR MMU ထံက သိရသည်။

(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...