ပဲခူးမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီကား မိုင်းဆွဲ တိုက်ခိုက်ခံရ

ပဲခူးမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီကား မိုင်းဆွဲ တိုက်ခိုက်ခံရ

ပဲခူးမြို့၊ ပုဏ္ဏားစု (၁၄)လမ်း အနောက်ဘက်လမ်းထိပ်တွင် နိုဝင်ဘာလ ၂၂ ရက် ည ၇ နာရီ မိနစ် ၅၀က ကင်းလှည့်လာသော စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေးတပ် (BDF)အဖွဲ့က နိုဝင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်သည်။

"သူတို့က ကင်းပတ်နေတာ ရပ်ကွက်ထဲမှာ ဒလန်တွေလည်းပါတယ်။ စစ်ခွေး (စစ်ကောင်စီတပ်သား)ကတော့ ငါးယောက်၊ ခြောက်ယောက်လောက်တော့ပါတယ်။ မိုင်းတစ်လုံးခွဲလိုက်တယ်။ ထိခိုက်မှုရှိတာတော့ သေချာတယ်။ သူတို့က သတင်းအမှောင်ချထားလို့ အခုထိ စုံစမ်းနေတုန်း ရှိသေးတယ်"ဟု BDF အဖွဲ့ဝင် တစ်ဦးကပြောသည်။

အဆိုပါဖောက်ခွဲမှုအပြီးတွင် လမ်းထဲရှိ ပြည်သူ ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းဖောက်ခွဲမှုကို BDF အဖွဲ့နှင့် Bago Guerrilla Force (BGF) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...
ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...