မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ ကျော်ကို တစ်နှစ်ကျော်ကြာ တရုတ်ဖမ်းဆီးထား

မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ ကျော်ကို တစ်နှစ်ကျော်ကြာ တရုတ်ဖမ်းဆီးထား

နိုင်ငံတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းနှင့် တရားဝင်အထောက်အထားမရှိဘဲ လာရောက် အလုပ်လုပ်ကိုင် ခြင်းတို့ကြောင့် တရုတ်နိုင်ငံက မြန်မာရွှေ့ပြောင်း အလုပ်သမား ၄၀၀ ထက်မနည်းကို ဖမ်းဆီးထားသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများကို တရုတ်အစိုးရ၏ ထိန်းသိမ်းရေးစခန်းများတွင် ထားရှိသည်မှာ ယခုအခါ ၁ နှစ်ကျော်ကြာမြင့်ပြီဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမား ၃၀၀ ခန့်ကို နို်ငငံတောင်ပိုင်း ကမ်းရိုးတန်းမြို့ ဒေါင်ဂူအန်းရှိ အကျဉ်းထောင်တစ်ခုတွင် ထားရှိကာ ကျန်လူများကို ရှန်ဒေါင်းပြည်နယ်ရှိ ပင်လယ်စာ ထုတ်လုပ်ရေးစက်ရုံအတွင်း ထားရှိကြောင်း RFA သတင်းတွင် ဖော်ပြထားသည်။

စက်တင်ဘာလအတွင်းက လွတ်မြောက်လာသူ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက သူ၏ ညီအစ်ကို တစ်ဦးနှင့် အခြားရွှေ့ပြောင်းအလုပ်သမား အများအပြားကို တရုတ်အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း RFA သို့ ပြောကြားခဲ့သည်။

“ကျွန်တော့် ညီအစ်ကိုနဲ့အတူ ဖမ်းဆီးခံရသူတွေထဲမှာ ၄/၅ ယောက်ပဲ လွတ်ပါသေးတယ်။ ကျန်တဲ့သူတွေကိုတော့ ဘယ်မှာ ဖမ်းထားတယ်ဆိုတာ မသိရသေးဘူး။ တစ်ခါတစ်လေမှာ အခြားကုမ္ပဏီတွေအတွက် အလုပ်လုပ်ဖို့ ခေါ်သွားတယ်” ဟု ၎င်းက ပြောကြားသည်။

“အဖမ်းခံရပြီး ဒီကိုရောက်လာတော့ အခန်းတစ်ခန်းစီမှာ လူ ၂၇/၂၈ ယောက်စီလောက်ရှိတယ်။ သူတို့လည်း ကျွန်တော်တို့လို အလုပ်လုပ်နေတုန်း အဖမ်းခံရတာ။ အဲဒီတုန်းက ဘယ်လောက်ကြာကြာ အဖမ်းခံရမယ်ဆိုတာနဲ့ ဘယ်တော့ လွတ်မယ်ဆိုတာမသိခဲ့ရဘူး” ဟု စက်တင်ဘာလအတွင်းက လွတ်မြောက်ခဲ့သည့် အခြား ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ အေးလွင်သန်းက RFA သို့ ပြောကြားသည်။

တရုတ်အစိုးရအရာရှိများသည် တစ်ခါတစ်ရံတွင် အလုပ်ရှင်များနှင့် ပူးပေါင်းကာ ရွှေ့ပြောင်းအလုပ်သမားများကို ခေါင်းပုံဖြတ်ကြောင်းလည်း အ လုပ်သမားတစ်ဦး၏ ပြောကြားချက်ကို RFA က ကိုးကားဖော်ပြခဲ့သည်။

တရုတ်နှင့် မြန်မာတို့အကြား ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ တရားဝင် အပြန်အလှန်သဘောတူညီချက် ရေးထိုးမထားသော်လည်း တရုတ်နိုင်ငံအတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံမှ အလုပ်သမား နှစ်စဉ် ထောင်ပေါင်းများစွာရှိနေသည်။

မြန်မာအလုပ်သမားအများစုကို တရုတ်တွင် တရားမဝင်အလုပ်သမားများအဖြစ် သတ်မှတ်ထားပြီး ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ သဘောတူညီချက်မရှိသောကြောင့် ဖမ်းဆီးခံရမှုများ မကြာခဏဖြစ်ပွားကြောင်း တရုတ်နယ်စပ်ဒေသခံများက ပြောကြားသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...