ဆရာမဒေါ်ချယ်ရီသက်ရှည်ကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေ

ဆရာမဒေါ်ချယ်ရီသက်ရှည်ကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်မှ CDM အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ရခိုင်ပြည်နယ်ရဲတစ်ဖွဲ့မှူးရုံးမှ သိရသည်။

“စစ်ဆေးနေတဲ့အခြေအနေကိုတော့ အတိအကျပြောလို့မရဘူး။ ၅၀(ည)နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့သိရတယ်”ဟု ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှူးရုံးမှ ရဲအရာရှိတစ်ဦးက DMG သို့ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့နံနက်ပိုင်းက ရဲနှင့်စရဖမှ ဒေါ်ချယ်ရီသက်ရှည်ကို နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်များကပြောသည်။

လက်ရှိမှာ ဒေါ်ချယ်ရီသက်ရှည်ကို တောင်ကုတ်မြို့မှ တပ်ရင်းတစ်ခုတွင် စစ်ဆေးမှုများပြုလုပ်နေသည်ဟုသိရှိထားရကြောင်း တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

“တောင်ကုတ် ၃၄၆ တပ်ထဲမှာ စစ်ဆေးနေတယ်လို့သိရတယ်။ အခုက စခန်းကိုမရောက်သေးဘူးလို့ သိရပါတယ်။ သေချာတာကတော့ သူ့ကိုတပ်ထဲမှာ စစ်ဆေးနေသေးတယ်ဗျ’’ဟု ၎င်းဒေသခံကပြောသည်။

ဒေါ်ချယ်ရီသက်ရှည်ကို အမှုဖွင့်စစ်ဆေးနေမှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် တောင်ကုတ်ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမှုမရှိခဲ့ပေ။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...