ဆရာမဒေါ်ချယ်ရီသက်ရှည်ကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေ

ဆရာမဒေါ်ချယ်ရီသက်ရှည်ကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်မှ CDM အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ရခိုင်ပြည်နယ်ရဲတစ်ဖွဲ့မှူးရုံးမှ သိရသည်။

“စစ်ဆေးနေတဲ့အခြေအနေကိုတော့ အတိအကျပြောလို့မရဘူး။ ၅၀(ည)နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့သိရတယ်”ဟု ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှူးရုံးမှ ရဲအရာရှိတစ်ဦးက DMG သို့ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့နံနက်ပိုင်းက ရဲနှင့်စရဖမှ ဒေါ်ချယ်ရီသက်ရှည်ကို နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်များကပြောသည်။

လက်ရှိမှာ ဒေါ်ချယ်ရီသက်ရှည်ကို တောင်ကုတ်မြို့မှ တပ်ရင်းတစ်ခုတွင် စစ်ဆေးမှုများပြုလုပ်နေသည်ဟုသိရှိထားရကြောင်း တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

“တောင်ကုတ် ၃၄၆ တပ်ထဲမှာ စစ်ဆေးနေတယ်လို့သိရတယ်။ အခုက စခန်းကိုမရောက်သေးဘူးလို့ သိရပါတယ်။ သေချာတာကတော့ သူ့ကိုတပ်ထဲမှာ စစ်ဆေးနေသေးတယ်ဗျ’’ဟု ၎င်းဒေသခံကပြောသည်။

ဒေါ်ချယ်ရီသက်ရှည်ကို အမှုဖွင့်စစ်ဆေးနေမှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် တောင်ကုတ်ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမှုမရှိခဲ့ပေ။

Most read this week

AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...
August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...