မောင်တောတောင်ပိုင်းတွင် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွား

မောင်တောတောင်ပိုင်းတွင် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွား
by -
နိရဥ္စရာ
မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် တောင်ပိုင်းတွင် တပ်မတော်နှင့် လက်နက်ကိုင် ဘင်္ဂလီ အဖွဲ့အကြားတွင် ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခွဲက စတင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

“ တိုက်ပွဲ ဖြစ်တဲ့ အသံကို ကြားရပါတယ်။ ကင်းချောင်းဖျားမှာ ဖြစ်တာပါ။ နံနက် ၁၀ နာရီခွဲကနေ ၁၁ နာရီ ကျော်ကျော်လောက်ထိ ဖြစ်ပါတယ်။ ပစ်ခတ်သံတွေကို ရွာကနေ ကြားရပါတယ်” ဟု တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာ တစ်ခု ဖြစ်သော ခရေမြိုင်ကျေးရွာသား တစ်ဦးက ပြောသည်။

ယခုတိုက်ပွဲမှာ မောင်တောမြို့နယ် တောင်ပိုင်းတွင် ပထမဆုံး အကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲတွင် အထိအခိုက် အကျအဆုံး သတင်းများကို မသိရှိ ရသေးကြောင်း၊ တပ်မတော်နှင့် နယ်ခြားစောင့် ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ခရေမြိုင်ကျေးရွာမှ ရွာသား ၄ ဦးအား လယ်ထွန်နေရာမှ လမ်းပြ အဖြစ် ခေါ်ဆောင်သွားခဲ့ကြောင်းဖြင့် သူက ဆက်လက် ပြောကြားသည်။

၎င်းတိုက်ပွဲအပြင် ဇွန်လ ၂၀ ရက်နေ့ ညဥ့် ၁၁ နာရီခန့်ကလည်း အဆိုပါ နေရာမှ လက်နက်ကြီး ပစ်ခတ်သံများကိုပါ ဆက်လက်ကြားခဲ့ရသည်ဟု သူက ဆက်လက် ပြောကြားသည်။

“ ကျွန်တော်တို့ရွာသားတွေက အခုလိုတိုက်ပွဲဖြစ်သံကြားရတော့ စိုးရိမ်မှုတွေ ရှိတာပေါ့။ ကျွန်တော်တို့ရွာမှာလုံခြံုရေးတွေ ရှိပေမယ့် ကျွန်တော်တို့ လက်ထဲမှာ ဘာမှ မရှိတော့ စိုးရိမ်မိပါတယ်။ ဟိုကောင်တွေမှာ လက်နက်ရှိတယ်။ ရွာသားတွေကို ပြည်သူ့စစ်သဘောမျိုး လက်နက် တပ်ဆင်ပေးရင်တော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကာကွယ်နိုင်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ တိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခု အချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်မှု မရှိသေးသော်လည်း အနီးအနားရှိ ကင်းချောင်းရွာသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ရွာသားများက အဆိုပါ တိုက်ပွဲ သတင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

ယခု တိုက်ပွဲ ဖြစ်ပွားနေသော နေရာသည် ဘူးသီးတောင်နှင့် မောင်တောအကြား မေယူတောင်ထဲတွင် ဖြစ်ကြောင်း သိရှိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...