ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏အယူခံ ခရိုင်တရားရုံးပယ်ချ

ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏အယူခံ ခရိုင်တရားရုံးပယ်ချ

အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ အယူခံကို ယနေ့(နိုဝင်ဘာ ၂၂ ရက်)တွင် စစ်တွေခရိုင်တရားရုံးမှ ပယ်ချက်လိုက်ကြောင်း ရှေ့နေထံမှ သိရသည်။

"၁၀ လပိုင်း ၈ ရက်နေ့က ၅၀၅(ခ)အရ အမိန့်ချမှတ်လိုက်တာကို ဒီနေ့စစ်တွေခရိုင်တရားရုံးမှာ အယူခံတက်တာ။ အယူခံမှုအမှတ် ၃ အရအယူခံတက်တယ်ပေါ့။ အယူခံတက်တာကို ကြားနာပြီး ပလပ်လိုက်တာ"ဟု သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ အထက်တန်းရှေ့နေ ဦးအောင်မြတ်ကျော်က ပြောသည်။

နိုင်ငံတော်အာဏာကို စစ်တပ်ကသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂ ရက်အကြာတွင်ပြန်လွှတ်ပေးကာ နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။

ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ပြည်သူသို့ပြန်ကြားချက်ဗွီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်ဖော်ပြခဲ့သဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် စစ်တပ်မှ ဦးညီပုကို ထပ်မံဖမ်းဆီးခဲ့သည်။

ယင်းနောက် စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းကတရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့် ဦးညီပုကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့သည်။

ဦးညီပုအား အောက်တိုဘာလ ၈ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်ချမှတ်ခဲ့သဖြင့် စစ်တွေခရိုင်တရားတရားရုံးသို့ အယူခံတက်ရောက်ခဲ့ရာ ပယ်ချခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါအမှုကို ပြည်နယ်တရားလွှတ်တော်အထိ ဆက်လက်အယူခံတက်ရောက်သွားမည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၃ ခုနှင့်လည်း လက်ရှိတွင် တရားရင်ဆိုင်နေရသည်။

ယင်းအဂတိအမှုတွင် စီမံ/ဘဏ္ဏာဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့လည်း ပါဝင်သည်။

August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...