အင်တာပိုအဖွဲ့ဝင်အဖြစ်မှ မြန်မာစစ်ကောင်စီကို ရပ်ဆိုင်းရန် အရပ်ဘက်အဖွဲ့ ၂၀၀ ကျော် တောင်းဆို

အင်တာပိုအဖွဲ့ဝင်အဖြစ်မှ မြန်မာစစ်ကောင်စီကို ရပ်ဆိုင်းရန် အရပ်ဘက်အဖွဲ့ ၂၀၀ ကျော် တောင်းဆို

နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပို၏ အထွေထွေညီလာခံ မြန်မာနိုင်ငံ စစ်ကောင်စီဘက်မှ ရဲချုပ် ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်တက်ရောက်မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက်တွင် မြန်မာစစ်ကောင်စီကို အင်တာပိုအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းပေးရန် အရပ်ဘက်အဖွဲ့ ၂၀၀ ကျော်က နိုဝင်ဘာ ၂၂ရက် ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ ပေးပို့ကာ တောင်းဆိုခဲ့သည်။

အင်တာပို ဥက္ကဋ္ဌ Kim Jong Yang၊ အင်တာပို အတွင်းရေးမှူးချုပ် Jurgen Stock၊ အင်တာပိုအမှုဆောင်ကော်မတီနှင့် အင်တာပိုအဖွဲ့ဝင်နိုင်ငံများသို့ ပေးပို့သော အဆိုပါ အိတ်ဖွင့်ပေးစာတွင် ၈၈၈၈ မျိုးဆက်(နယူးဇီလန်)၊ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှား‌ဆောင်ရွက်မှု ကော်မတီ ACDD နှင့် အယ်လ်ဘာနီကရင်အသိုင်းအဝိုင်း၊ အယ်လ်ဘာနီစသော အဖွဲ့အစည်း ၂၀၅ ခုက လက်မှတ်ရေးထိုး တောင်းဆိုခြင်း ဖြစ်သည်။

အင်တာပိုနှင့် အဖွဲ့ဝင်နိုင်ငံများတွင် ရဲချုပ်နှင့် ပြည်ထဲရေး ဒုတိယဝန်ကြီးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ဦးဆောင်သော မြန်မာစစ်အာဏာသိမ်းအစိုးရ၏ ရဲတပ်ဖွဲ့သည် လက်ရှိ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရှိနေပြီး အင်တာပို၏ အထွေထွေအစည်းအဝေး၌ မြန်မာအစိုးရအနေဖြင့် ကိုယ်စားပြု လုပ်ဆောင်သွားမည်ကို သတင်းဌာနများ ဖော်ပြချက်အရ သိရကြောင်း အဆိုပါ အိတ်ဖွင့်စာ၌ ဖော်ပြထားသည်။

အစ္စတန်ဘူလ်မြို့တွင်နို ဝင်ဘာ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိကျင်းပမည့် (၈၉) ကြိမ်မြောက် အင်တာပိုညီလာခံတက်ရောက်ရန် ယခုအခါ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း စစ်ဆင်ရေးများအတွက် အနီးကပ်ကွပ်ကဲမှုပေးနေရသူ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးလည်းဖြစ်သူ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်က ဦးဆောင်သွားမှာဖြစ်သည်။

စစ်အာဏာသိမ်းအုပ်စုသည် မြန်မာနိုင်ငံ၏ အစိုးရအဖြစ် ကိုယ်စားမပြုကြောင်း၊ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် စစ်အာဏာသိမ်းအုပ်စုအား အသိအမှတ်ပြုရန် နိုင်ငံတကာအသိုင်းကလည်း ငြင်းဆန်ထားကြောင်း၊ နိုင်ငံတကာအသိုင်းအဝန်းသည် အာဏာသိမ်းစစ်တပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုညီလာခံ COP26 နှင့် အာဆီယံထိပ်သီးအစည်းအဝေးတို့အပါအဝင် နိုင်ငံတကာအစည်းအဝေးများ၌ ပါဝင်ခြင်းကို တားမြစ်ထားကြောင်း၊ ထိုသို့သော အကြောင်းချင်းရာများကြောင့် အင်တာပို၏ ယုံကြည်လေးစားခံရမှု ထိခိုက်စဖွယ် ရှိနေကြောင်း အဆိုပါ စာ၌ ရေးသားထားသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်မှုအောက် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းမှုသည် မြန်မာ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတကာဥပဒေနှင့် ဥပဒေစိုးမိုးမှု မူဘောင်များကို ချိုးဖောက်မှုအဖြစ် သက်ရောက်ကြောင်းလည်း ယင်းစာ၌ ရေးသားပါရှိသည်။

အာဏာသိမ်းချိန်မှစပြီး စစ်အာဏာသိမ်းအုပ်စု၏ အရပ်သားများအပေါ် စနစ်တကျ တိုက်ခိုက်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု အရာမြောက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းရေးအဖွဲ့ အကြီးအကဲ၏ မကြာသေးသော ထုတ်ပြန်ထားသည်။

ထို စစ်အုပ်စု၏ ပြည်ထဲရေး ဒုတိယဝန်ကြီးနှင့် ရဲချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်သည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား ရဲတပ်ဖွဲ့များ ကျူးလွန်သော ဖိနှိပ်ချုပ်ချယ်သော မူဝါဒများနှင့် အကြမ်းဖက်လုပ်ရပ်များအတွက် ဆုံးဖြတ်စေခိုင်းခြင်းအတွက် တိုက်ရိုက်တာဝန်ရှိနေသကဲ့သို့ မြန်မာနိုင်ငံအတွင်း ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက်လည်း တာဝန်ရှိနေသူဖြစ်သည်ဟု အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်အား ပစ်မှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့ကလည်း ချမှတ်ထားသည်။

ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...
ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...