PDF (Kalay) တပ်ရင်း-၃ ဝင်စီးခံရချိန် PDF ရဲဘော် ၂ ဦးနှင့် အမျိုးသမီးတစ်ဦးကျဆုံး

PDF (Kalay) တပ်ရင်း-၃ ဝင်စီးခံရချိန် PDF ရဲဘော် ၂ ဦးနှင့် အမျိုးသမီးတစ်ဦးကျဆုံး

ကလေးမြို့အနောက်တောင်ဘက်ရှိ PDF (Kalay) တပ်ရင်း ၃ လက်အောက်မှ တပ်ခွဲစခန်းတစ်ခု နိုဝင်ဘာလ ၁၆ ရက်နေ့ က စစ်ကောင်းစီတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းစဉ်တွင် PDF ရဲဘော် ၂ ဦးနှင့် ဆေးတပ်ဖွဲ့မှ အမျိုးသမီးတစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

PDF (Kalay) တပ်ရင်း ၃ လက်အောက်မှ တပ်ခွဲစခန်းတစ်ခုကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ ဝင်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စီးနင်းသိမ်းပိုက်ခဲ့ပြီးနောက် PDF (Kalay) ဆေးတပ်ဖွဲ့မှ အမျိုးသမီး ၁၀ ဦးနှင့် ရဲဘော် ၂ ဦး စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးကာ ရဲဘော် ၂ ဦးနှင့် ချင်းအမျိုးသမီး မိုင်ချင်ချင်တို့ ၃ ဦးမှာ သေနတ်ဒဏ်ရာဖြင့် ကျဆုံးခဲ့ကြသည်ဟု PDF (Kalay) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“စခန်းသိမ်းတဲ့အချိန်မှာ ပစ်သတ်ခံရတာ၊ နဖူးတည့်တည့်မှာ ပစ်သတ်ခံရတာ’’ ဟု PDF (Kalay) တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ကျဆုံးသွားသည့် PDF ရဲဘော်များ၏ ရုပ်အလောင်းကို တော်တွင်းတစ်နေရာတွင် မြေမြုပ်သဂြိုလ်လိုက်ကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် PDF (Kalay) တပ်ရင်း-၃ မှ ဖမ်းဆီးခံလိုက်ရသည့် ဆေးတပ်ဖွဲ့ဝင်အမျိုးသမီး ၉ ဦးကို နဂါးပွက်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြပြီး နဂါးပွက်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို နိုဝင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီက PDF (Kalay) တပ်ဖွဲ့မှ သွားရောက်ပစ်ခတ်ကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...