လုယက်အဓမ္မမှုများဆက်တိုက်ကျူးလွန်သူကို ချင်းအမျိုးသားအဖွဲ့ချုပ်သေဒဏ်ပေး

လုယက်အဓမ္မမှုများဆက်တိုက်ကျူးလွန်သူကို ချင်းအမျိုးသားအဖွဲ့ချုပ်သေဒဏ်ပေး

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း လုယက် အဓမ္မမှုများဆက်တိုက်ကျူးလွန်ခဲ့သူတစ်ဦးကို သေဒဏ်ပေးလိုက်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNDF)က ထုတ်ပြန်သည်။

''၎င်းသည်လွတ်မြောက်လာပြီးနောက် တူမီးသေနတ်နှင့် ဓါးကိုင်ဆောင်ကာ လူနေအိမ်များတွင် ယခင်ထက် ပိုမိုဆိုးရွားစွာ လုယက်ခြင်း၊ ဓါးပြတိုက်ခြင်း၊ မုဒိန်းမှုများ ဆက်လက်ကျူးလွန်လျက်ရှိရာ ကျေးရွာရှိပြည်သူများမှ မိမိတို့ CNDF ထံသို့ တိုင်ကြားလာခဲ့သည့်အတွက်ထောင်ထွက် ကျုံးရိုဆွမ်အား မိမိတို့ CNDF မှ အမှုစစ်ဆေး၊ တရားစီရင်ကာ ယနေ့ နို၀င်ဘာလ ၂၀ ရက်နေ့တွင် ပြစ်ဒါဏ်စီရင်ကွပ်မျက်လိုက်ပါသည်''ဟု CNDF ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကျုံးရိုဆွမ်ကို နို၀င်ဘာလ ၈ ရက်နေ့တွင် ၎င်းနေထိုင်သည့်ရွာသားများ၏ တိုင်ကြားချက်အရ CNDF က သွားရောက်ဖမ်းဆီးခဲ့သည်။

"သူလွတ်လာပြီး မကြာခင်မှာပဲ ရွာထဲကိုပြန်ရောက်လာ၍ အရင်ကထက်ပိုဆိုးသောင်းကျန်းလာပြီး အရက်မူး၍အိမ်တစ်အိမ်တွင် ဓါးပြတိုက်ဖို့လုပ်နေစဉ် အိမ်ရှင်မှအိမ်နီးချင်းတွေကိုအကူညီတောင်းပြီး သေနတ်ကိုသိမ်းမိ၍ဖမ်းဆီးလိုက်ပါသည်။" ဟု ဒေသခံတစ်ဦးက ပေးပို့သောစာတွင်ပါရှိသည်။

သေဒဏ်ပေးခံရသူ ကျုံးရိုဆွမ်သည် ယခင်ကလည်း ကျေးရွာနှင့် အနီးတစ်ဝိုက်တွင် ပြစ်မှုကျူးလွန်ရာက ထောင်ဒါဏ်ကျခံခဲ့ပြီးသည့်နောက် အာဏာသိမ်း စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူလည်းဖြစ်သည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေး-ကဘော်ဒေသအတွင်း ရာဇသတ်၊ ဓမ္မသတ်ဆိုင်ရာ ပြစ်မှုများ ကျုးလွန်လာပါက ချင်းအက်ဥပဒေအရ CNO/CNDF မှ တရားစီရင်သွားမည်ဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...
ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...