တောင်ကုတ်မြို့မှ CDM အထက်တန်းပြဆရာမတစ်ဦး ဖမ်းဆီးခံရ

တောင်ကုတ်မြို့မှ CDM အထက်တန်းပြဆရာမတစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ CDM ပြုလုပ်သည့် အထက်တန်းပြဆရာမတစ်ဦးကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် စရဖနှင့် ရဲတပ်ဖွဲ့က နေအိမ်မှလာရောက် ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

“သူ့ကိုခေါ်သွားတာ စရဖနဲ့ရဲတွေလည်းပါတယ်။ ဒါပေမဲ့ ဘယ်ကိုခေါ်သွားတယ်ဆိုတာကို အတိအကျမသိရသေးဘူး”ဟု မျက်မြင်တွေ့ရှိသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ တောင်ကုတ်မြို့၊ အ.ထ.က(၂)ကျောင်းတွင် အထက်တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်ချယ်ရီသက်ရှည် (၄၀)နှစ်ဖြစ်သည်။

တောင်ကုတ်ဒေသခံ ဦးစိုးသီဟက “သူက စစ်အာဏာသိမ်းပြီးကတည်းက CDM လုပ်နေတာ။ ဆန္ဒထုတ်ဖော်တဲ့နေရာတွေမှာလည်း ဦးဆောင်ပါဝင်ပြီးတော့လုပ်တာတွေရှိတယ်”ဟု ပြောသည်။

တောင်ကုတ်ရဲစခန်းမှ တပ်ကြပ်ကြီး ဦးမြထွေးက “ကျနော်တို့ရဲစခန်းအတိုင်းအတာနဲ့ကတော့ ဘာမှမသိရသေးဘူး။ ဒီကိုတော့လာပြီးတော့ အမှုဖွင့်တာတော့ မရှိသေးပါဘူး။ ဒီမှာတော့မရောက်သေးပါဘူး”ဟု ပြောသည်။

CDM ပြုလုပ်၍ ရခိုင်ပြည်နယ်အတွင်း ပထမဆုံး ဒေါ်ချယ်ရီသက်ရှည် ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ပြည်နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် CDM ပြုလုပ်သည့် တက္ကသိုလ် ၁၅ ခုမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများအပါအဝင် ဆရာ၊ ဆရာမ ၁၆၈၃ ဦးတို့ကို တာဝန်မှရပ်နားခဲ့ပြီး ယင်းအထဲတွင် ရခိုင်ပြည်နယ်အတွင်းမှ ၈၇ ဦးပါဝင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...