အဖမ်းဆီးခံ ကလေး-PDF ဆေးတပ်မှ စစ်သမီး (၈) ဦးမှ (၅) ဦးကို ကယ်ထုတ်နိုင်ပြီ ဆိုတဲ့သတင်းအမှား

အဖမ်းဆီးခံ ကလေး-PDF ဆေးတပ်မှ စစ်သမီး (၈) ဦးမှ (၅) ဦးကို ကယ်ထုတ်နိုင်ပြီ ဆိုတဲ့သတင်းအမှား

“အဖမ်းခံရတဲ့ PDF ဆေးတပ်မှ စစ်သမီး (၈) ဦး အနက် (၅) ဦးကို ကယ်ထုတ်နိုင်ပြီဟု သိရ။ ဝမ်းသာစရာ ဆိုပြီး “ သတင်းအမှားကို မြန်မာ့နွေဦးတော်လှန်ရေး တနိုင်ငံလုံး သတင်းရပ်ကွက်ဆိုတဲ့ Facebook Group မှာတင်ထားတာဖြစ်ပါတယ်။

 

၎င်းသတင်းနဲ့ ပတ်သက်ပြီး ကလေး-PDF ဘက်မှာ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းတဲ့အခါ သတင်းအမှား ဖြစ်ကြောင်းအခုလို ပြောပါတယ်။

 

“ကျနော်တို့ဘက်က ကယ်ထုတ်တာတွေမရှိဘူး၊ သတင်းအမှားဖြစ်တယ်၊ အဖမ်းဆီးခံထားရတဲ့ အမျိုးသမီး (၉) ဦးဟာ အခုထိ စစ်တပ်လက်ထဲမှာပဲရှိနေတုန်းပဲ”

 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ကလေးမြို့အနောက်တောင်ဘက်တနေရာတွင် PDF(Kalay) တပ်ရင်း ၃ လက်အောက်ခံ တပ်ခွဲတစ်ခုစခန်းတစ်ခုကို စစ်ကောင်စီက စီးနင်းသိမ်းပိုက်ကာ PDF(Kalay) ဆေးတပ်ဖွဲ့မှ အမျိုးသမီး ၁၀ ဦး နှင့် ရဲဘော် အမျိုးသား ၂ ဦးကို ဖမ်းခဲ့ပြီးနောက် သုံးရက်အကြာမှာ အဲဒီသတင်းအမှားသည် လူမှုကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့ လာတာဖြစ်ပါတယ်။

 

အဆိုပါအဖမ်းခံရသူများအနက် PDF(Kalay) ရဲဘော်အမျိုးသား ၂ ဦးနှင့် ဆေးတပ်ဖွဲ့မှ အမျိုးသမီးတစ်ဦးတို့ကို စစ်ကောင်စီက ညင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ပြီးနောက် ကျန်အမျိုးသမီး ၉ ဦးကို ကလေးမြ်ို့ဒေသကွက်ကဲရေးစစ်ဌာနချုပ်(ဒကစ)မှာ ထိမ်းသိန်းထားတယ်လို့ သိရပါတယ်။

 

ထိုကဲ့သို့ သတင်းအမှားကြောင့် ဖမ်းဆီးခံ အမျိုးသမီးများရဲ့ မိသားစုများနဲ့ မိတ်ဆွေများမျှော်လင့်ချက် ပျော်ရွှင်မှုကို ပျက်ပြားစေနိုင်သလို ပြည်သူလူထုရဲ့ ဘဝများကို ရိုက်ခတ်စေနိုင်တဲ့အတွက် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနမှ သတင်းတွေကိုသာ ဖတ်ရှု့သင့်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...