အဖမ်းဆီးခံ ကလေး-PDF ဆေးတပ်မှ စစ်သမီး (၈) ဦးမှ (၅) ဦးကို ကယ်ထုတ်နိုင်ပြီ ဆိုတဲ့သတင်းအမှား

အဖမ်းဆီးခံ ကလေး-PDF ဆေးတပ်မှ စစ်သမီး (၈) ဦးမှ (၅) ဦးကို ကယ်ထုတ်နိုင်ပြီ ဆိုတဲ့သတင်းအမှား

“အဖမ်းခံရတဲ့ PDF ဆေးတပ်မှ စစ်သမီး (၈) ဦး အနက် (၅) ဦးကို ကယ်ထုတ်နိုင်ပြီဟု သိရ။ ဝမ်းသာစရာ ဆိုပြီး “ သတင်းအမှားကို မြန်မာ့နွေဦးတော်လှန်ရေး တနိုင်ငံလုံး သတင်းရပ်ကွက်ဆိုတဲ့ Facebook Group မှာတင်ထားတာဖြစ်ပါတယ်။

 

၎င်းသတင်းနဲ့ ပတ်သက်ပြီး ကလေး-PDF ဘက်မှာ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းတဲ့အခါ သတင်းအမှား ဖြစ်ကြောင်းအခုလို ပြောပါတယ်။

 

“ကျနော်တို့ဘက်က ကယ်ထုတ်တာတွေမရှိဘူး၊ သတင်းအမှားဖြစ်တယ်၊ အဖမ်းဆီးခံထားရတဲ့ အမျိုးသမီး (၉) ဦးဟာ အခုထိ စစ်တပ်လက်ထဲမှာပဲရှိနေတုန်းပဲ”

 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ကလေးမြို့အနောက်တောင်ဘက်တနေရာတွင် PDF(Kalay) တပ်ရင်း ၃ လက်အောက်ခံ တပ်ခွဲတစ်ခုစခန်းတစ်ခုကို စစ်ကောင်စီက စီးနင်းသိမ်းပိုက်ကာ PDF(Kalay) ဆေးတပ်ဖွဲ့မှ အမျိုးသမီး ၁၀ ဦး နှင့် ရဲဘော် အမျိုးသား ၂ ဦးကို ဖမ်းခဲ့ပြီးနောက် သုံးရက်အကြာမှာ အဲဒီသတင်းအမှားသည် လူမှုကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့ လာတာဖြစ်ပါတယ်။

 

အဆိုပါအဖမ်းခံရသူများအနက် PDF(Kalay) ရဲဘော်အမျိုးသား ၂ ဦးနှင့် ဆေးတပ်ဖွဲ့မှ အမျိုးသမီးတစ်ဦးတို့ကို စစ်ကောင်စီက ညင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ပြီးနောက် ကျန်အမျိုးသမီး ၉ ဦးကို ကလေးမြ်ို့ဒေသကွက်ကဲရေးစစ်ဌာနချုပ်(ဒကစ)မှာ ထိမ်းသိန်းထားတယ်လို့ သိရပါတယ်။

 

ထိုကဲ့သို့ သတင်းအမှားကြောင့် ဖမ်းဆီးခံ အမျိုးသမီးများရဲ့ မိသားစုများနဲ့ မိတ်ဆွေများမျှော်လင့်ချက် ပျော်ရွှင်မှုကို ပျက်ပြားစေနိုင်သလို ပြည်သူလူထုရဲ့ ဘဝများကို ရိုက်ခတ်စေနိုင်တဲ့အတွက် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနမှ သတင်းတွေကိုသာ ဖတ်ရှု့သင့်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...