လက္ကာရွာသားများအမှု အမိန့်မချဘဲ ထပ်မံရွှေ့ဆိုင်း

လက္ကာရွာသားများအမှု အမိန့်မချဘဲ ထပ်မံရွှေ့ဆိုင်း

၂ နှစ်ကျော်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်တို့အမှုကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရုံးထုတ်ခဲ့သော်လည်း အမိန့်မချဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

အဆိုပါအမှုတွင် စစ်ဆေးမှုများပြီးစီး၍ အပြီးသတ်အမိန့်ချရန်သာ ကျန်သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က တရားရုံးမှ အဆင့်သင့်မဖြစ်သေးဟုဆိုကာ ရုံးချိန်းရွှေ့ဆိုင်းခဲ့သည်။

ယခုရုံးချိန်းတွင်လည်း တရားသူကြီးခွင့်ယူထားသည်ဟုဆိုကာ အမိန့်မချဘဲ ဒီဇင်ဘာလ ၃ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း မင်းထီး Law Firm အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

“ဒီနေ့ တရားသူကြီးခွင့်ယူထားတယ်။ ဒါကြောင့်အမိန့်မချဖြစ်။ ရုံးချိန်းထပ်ပြီးချိန်းဆိုလိုက်တယ်”ဟု ဦးအောင်စစ်မင်းက ပြောသည်။

လက္ကာကျေးရွာသား ၂၀ ကျော်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံခဲ့ခြင်း ဖြစ်သည်။

အဆိုပါကျေးရွာသားများမှာ ၆၀/၂၀၁၉ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ ရာကြီးအမှတ် ၂/၂၀၂၀ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နှင့် ၁၉၄၉ လက်နက်အရေးပေါ်(ယာယီ) ဥပဒေပုဒ်မ- ၂၁(က)တို့ဖြင့် တရားစွဲဆိုခံထားရသည်။

ဖမ်းဆီးခံလက္ကာရွာသားများအမှုကို စစ်ဆေးပြီးဖြစ်သော်လည်း အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည့်အပေါ် မိသားစုဝင်များက မေးခွန်းထုတ်ပြောဆိုနေကြသည်။

“အစိုးရဖက်က တရားလွန်နေပြီလို့မြင်မိတယ်"ဟု လက္ကာကျေးရွာမှ ဖမ်းဆီးခံရသူ ကိုဦးလှမောင်(၂၄)နှစ်၏မိခင် ဒေါ်စံသာနု ကပြောသည်။

လက္ကာကျေးရွာသားများမှာ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် မကြေညာသေးသည့်အချိန်ကတည်းက ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်က ရုပ်သိမ်းပြီးနောက်မှာ ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုဖြင့်တရားစွဲဆိုခံထားရသူများ၏အမှုအချို့ကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းပေးမှုများရှိသော်လည်း နှစ်ရှည်တရားရင်ဆိုင်နေရသည့် လက္ကာကျေးရွာသားများမှာ ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးပေ။

“သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ တရားစီရင်ရေးမဏ္ဍိုင်အားကောင်းရန်အတွက် ကူညီပေးဖို့၊ စွပ်စွဲခံထားရသူတွေရဲ့အခွင့်အရေး၊ ထိခိုက်နစ်နာမှုကို ထည့်သွင်းစဉ်းစားပေးစေချင်တယ်”ဟု ရှေ့နေအောင်စစ်မင်းက DMG သို့ ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ၂ နှစ်ကျော်ကာလအတွင်း AA နှင့်ဆက်စပ် သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိ ရှိခဲ့သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...