မာန်အောင်လေယာဉ်ကွင်း ပြေးလမ်းတိုးချဲ့ပေးရန် တင်ပြထား

မာန်အောင်လေယာဉ်ကွင်း ပြေးလမ်းတိုးချဲ့ပေးရန် တင်ပြထား

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်က လေယာဉ်ကွင်းတွင် ပြေးလမ်းတိုးချဲ့လုပ်ဆောင်ပေးရန်အတွက် တင်ပြထားကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီမှ သိရသည်။

အဆိုပါလေယာဉ်ကွင်း၌ ပြေးလမ်းတိုနေသဖြင့် လေယာဉ်အကြီးများဆင်းသက်ရန် အခက်အခဲရှိနေကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီမှ မာန်းနေးဂျင်းဒါရိုက်တာ ဦးထွန်းလှိုင်ကပြောသည်။

"ဒီလေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ဖို့ အစိုးရထံမှာ တင်ပြထားပါတယ်။ ဒီနှစ်ထဲမှာတော့ လေယာဉ်ကွင်းတိုးချဲ့လုပ်ဆောင်ဖြစ်မယ်လို့တော့ထင်တယ်"ဟု DMG သို့ ပြောသည်။

ယခင်က ရန်ကုန်-မာန်အောင်-စစ်တွေ-ကျောက်ဖြူခရီးစဉ်ကို မြန့်မာ့အမျိုးသားလေကြောင်းလိုင်းမှ လူ ၁၀ ဦးဆံ့လေယာဉ်ငယ်ဖြင့် မာန်အောင်အများပိုင်ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲခဲ့သည်။

သို့သော် ရာသီဥတုအခြေအနေနှင့် ကိုဗစ်ကပ်ရောဂါတို့ကြောင့် လေယာဉ်ပြေးဆွဲမှုကိုရပ်နားထားခဲ့ပြီး ယခုအခါလေကြောင်းလိုင်းပြေးဆွဲမှုမပြုလုပ်နိုင်သည်မှာ ၂ နှစ်ခန့် ရှိနေပြီဖြစ်သည်။

မာန်အောင်ကျွန်းသည် ကျောက်ဖြူခရိုင်ထဲတွင်ပါဝင်ပြီး ကျောက်ဖြူမြို့မှ ရေမိုင် ၈၇ မိုင်အကွာတွင်တည်ရှိသည်။ ၂၂၀ စတုရန်းမိုင်ကျယ်ဝန်းပြီး သာယာလှပသည့်ကမ်းခြေများရှိသည့် ကျွန်းတစ်ကျွန်းလည်းဖြစ်သည်။

လက်ရှိ မာန်အောင်ကျွန်းသဘာဝအခြေပြုခရီးသွားလုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သော်လည်း လေကြောင်းလိုင်းမရှိသဖြင့် ခရီးသွားလာရောက်မှုနည်းပါးနိုင်ကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီမှ မာန်းနေးဂျင်းဒါရိုက်တာ ဦးထွန်းလှိုင်ကပြောသည်။

"လေကြောင်းလိုင်းမရတဲ့အတွက် ခရီးသွားတွေကတော့ နည်းပါးမှုရှိမှာဖြစ်တယ်။ လေဆိပ်အဆင်ပြေပြေဖြစ်ဖို့လိုအပ်နေတယ်" ဟု ၎င်းကဆိုသည်။

မာန်အောင်ကျွန်းသဘာဝအခြေပြု ခရီးသွားလုပ်ငန်းအားဖွင့်လှစ်ပါက ခရီးသွားများလတ်တလောအဆင်ပြေစေရန်အတွက် အမြန်ရေယာဉ်ဖြင့် မာန်အောင်-ငပလီ-ကျောက်ဖြူကို ပြေးဆွဲရန်စီစဉ်နေကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီမှ သိရသည်။

လက်ရှိမာန်အောင်လေယာဉ်ကွင်းပြေးလမ်းတွင် မြေယာပါဝင်သွားသည့် မြတ်မချောင်းကျေးရွာမှ ဦးဖြူသီးခိုင်နှင့် ဦးသာနီတို့က အစိုးရမှပေးအပ်သည့်လျှော်ကြေးငွေမှာ နည်းသည်ဟုဆိုကာ လျှော်ကြေးငွေကို လက်ရှိအချိန်ထိမယူကြသေးပေ။

August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...