နတ်မောက်ဈေးမီးလောင်တာ နတ်မောက် PDF လက်ချက်ဆိုတဲ့ သတင်းမှား ဖြန့်ဝေနေ

နတ်မောက်ဈေးမီးလောင်တာ နတ်မောက် PDF လက်ချက်ဆိုတဲ့ သတင်းမှား ဖြန့်ဝေနေ

နတ်မောက်မြို့မစျေးကို နတ်မောက် PDF က မီးရှို့လိုက်တယ်ဆိုတဲ့ သတင်းတစ်ခု ကို ဦးအောင်ဇေယျဆိုသူက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရေတင် ထားတာကို တွေ့ရပါတယ်။

အဲဒီသတင်းဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမှာ နတ်မောက်မြို့ကို စစ်ကောင်စီက ညမထွက်ရ အမိန့်သတ်မှတ်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသာ သွားလာလှုပ်ရှားမှုရှိတဲ့ လူခြေတိတ်ချိန် ညပိုင်းမှာ မီးလောင်သွားခဲ့လို့ပဲဖြစ်ပါ တယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေ လုံခြုံရေး အပြည့်ရှိနေတဲ့ အချိန် PDF တွေ ဝင်လာလို့ မရတဲ့ အနေအထားမျိုးမှာ မီးလောင်ကျွမ်းခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီအခြေအနေကို သတင်းဌာနတွေက ဒေသခံတွေကို မေးမြန်းပြီး သတင်းထုတ်လွှင့်ခဲ့ကြပါတယ်။

RFA သတင်းဌာနက ဒေသခံတွေကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းထဲမှာ https://bit.ly/3CpO9RY တွေ့နိုင်ပါတယ်။

ဒါ့အပြင်  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းဌာနတွေရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့တဲ့ အရာကို ကြည့်မယ် ဆိုရင် ဘယ်သူဘယ်ဝါက လုပ်တယ်ဆိုတာ ရတိပြတ် ပြောဆိုထားတာမရှိပဲ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တဲ့ အကြောင်းအ ရင်းကို စုံစမ်းနေဆဲလို့သာ ဖြေဆိုထားတာကို တွေ့ရပါတယ်။

VOM သတင်းဌာက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းထဲမှာ https://bit.ly/3oA1tyn ကြည့်ရင် တွေ့နိုင်မှာတယ်။

တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း  ဦးအောင်ဇေယျဆိုသူရဲ့ ရေးသားမှုတွေဟာ PDF တွေကို ပြည်သူတွေက အထင်အမြင်မှားအောင် ဝါဒဖြန့်ထားတဲ့ ပုံစံမျိုးနဲ့ တစ်ဖက်သတ် စွတ်စွဲရေးသားထားတာကို တွေ့ရပြန်ပါတယ်။

အဆိုပါ အချက်အလက်တွေကို နှိုင်းယှဉ်ပြီး စီစစ် ကြည့်လိုက်တဲ့အခါမှာ ဦးအောင်ဇေယျဆိုသူ အကောင့် ပိုင် ရှင်ပြောထားတဲ့ နတ်မောက် PDF တွေက နတ်မောက်မြို့မစျေးကြီးကို မီးရှို့ခဲ့တယ် ဆိုတာ ခိုင်လုံတဲ့ အထောက်အထားမရှိတဲ့ မဟုတ်မှန်တဲ့ သတင်း အမှားတစ်ခုသာ ဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။

ဦးအောင်ဇေယျ ဆိုသူ ရေးသားထားတဲ့ သတင်းအချက်အလက်တွေပါတဲ့ အကြောင်းအရာကို တပ်မတော် ထောက်ခံသူတွေနဲ့ အမျိုးသားအရေး လှုပ်ရှားသူများရဲ့ Facebook Group တွေထဲမှာလည်း တွေ့ရပြီး Like၊ Comment နဲ့ Shares လုပ်တဲ့သူ အရေအတွက် တော်တော်များများ ရှိတယ်ဆိုတာ တွေ့ရပါတယ်။

အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာဆိုရင် သတင်းအမှားဖြန့်ဝေသူတွေဟာ လက်ရှိ ဖြစ်ပျက် နေတဲ့ အဖြစ်အပျက် အကြောင်းအရာတွေကို အခြေခံပြီး သတင်းအမှားတွေအဖြစ် ဖန်တီးရေးသားကာ ကျယ် ကျယ်ပြန့်ပြန့် ဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်ပေါ်က စာဖတ်ပရိတ်သတ်တွေအနေနဲ့ အကြောင်းအရာတွေကိုပဲဖြစ်ဖြစ် သတင်းတွေ ကိုပဲဖြစ်ဖြစ် ဖတ်ပြီး/ကြည့်ပြီး ထပ်ဆင့် ဖြန့်ဝေတော့မယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေကနေ တက်လာတဲ့ သတင်းတွေနဲ့ သေချာ စီစစ်ပြီးမှ ဖြန့်ဝေပေးဖို့ လိုပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...