KIA တပ်ရင်း ၁၂ ကျတယ်ဆိုတဲ့ သတင်းမှား ဖြန့်နေ

KIA တပ်ရင်း ၁၂ ကျတယ်ဆိုတဲ့ သတင်းမှား ဖြန့်နေ

ကချင် လွတ်လပ်ရေး တပ်မတော် “KIA တပ်ရင်း ၁၂ ကျဆုံး” ဆိုတဲ့ စာသားနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတဲ့ ဓာတ်ပုံ ၃ ပုံကို အသုံး ပြုပြီး အန်ကယ်လ် အောင်အောင်ဆိုသူရဲ့ Facebook Account က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ရေးတင် ထားတာကို တွေ့ရပါတယ်။

ဒီရေးသားမှုဟာ သတင်းအမှားသာဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အန်ကယ်လ် အောင်အောင်ဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာ အသစ်တွေမဟုတ်ပဲ ၂၀၁၈ ခုနှစ်က ဓာတ်ပုံ အဟောင်းတွေ ဖြစ်တယ်ဆိုတာကို စစ်ဆေးတွေ့ ရှိရပါတယ်။

အဲဒီ ဓာတ်ပုံတွေဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် တိုက်ပွဲအတွင်းက KIA ဆီကနေ စစ်တပ်က သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို ရိုက်ယူထားတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။

အန်ကယ်လ် အောင်အောင် ဆိုသူ အသုံးပြုထားတဲ့ အခုဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ်ကတည်း သတင်းအမှား ဖြန့်သူဝေတွေက အသုံးပြုနေကြပြီး အခုလည်းပဲ သတင်းအမှားဖြန့်ဝေတဲ့နေရာမှာ ထပ်မံ အသုံးပြုလာတာကို အချက်အလက် စစ်ဆေးပြီး အတည်ပြုနိုင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဧပြီ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၃၈ မိနစ် ကတည်း သတင်းအမှားဖြန့်ဝေသူတွေ အသုံးပြုထားတဲ့ ဓာတ်ပုံဆိုတာကို ဒီမှာ https://bit.ly/3cADtWt တွေ့နိုင်ပါတယ်။

အဲဒီဓာတ်ပုံတွေကို အသုံးပြုပြီး အခုလက်ရှိ ဖြစ်နေသယောင် စာသားတွေနဲ့ တွဲပြီးတော့ ရေးတင်ထားတာ ဖြစ် တဲ့အတွက် သတင်းအမှားလို့ ပြောနိုင်တာဖြစ်ပါတယ်။

ဒါ့အပြင် KIA တပ်ရင်း ၁၂ ကို စစ်ကောင်စီက သိမ်းယူသွားတာ မရှိဘူးလို့ KIO/KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး ကြီး နော်ဘူကလည်း ပြောပါတယ်။

“အိပ်မက်တောင် မမက်ဘူး။ ဆိုရှယ် မီဒီယာဆိုတာက ကြိုက်သလို ထင်သလိုရေးတာပေါ့။ ရေးတဲ့လူတွေ အများကြီးရှိတာပဲ။ မှန်တာလည်းရေး မမှန်တာလည်းရေး သတင်းအမှားတွေလည်းလွှင့်။ ဒါပေမယ့် ကျနော်တို့ ဖတ်တဲ့လူတွေ နားထောင်တဲ့လူတွေ ကြည့်တဲ့လူတွေကတော့ အမှားအမှန်ကတော့ ရွေးတတ်ရမှာ အဲဒါပါပဲ။”

အန်ကယ်လ် အောင်အောင် ဆိုသူ ရေးတင်ထားတဲ့ အကြောင်းအရာကို တပ်မတော်ထောက်ခံတဲ့ Group တွေနဲ့ အမျိုးသားရေးလှုပ်ရှားနေတဲ့ Facebook Group တွေထဲမှာ တော်တော်များများတွေ့နေရပြီး ကြိုက်နှစ်သက်သူ၊ မှတ်ချက်ပေးသူနဲ့ ပြန်လည်ဖြန့်ဝေသူတွေလည်း တော်တော်များများ ရှိနေတာကို တွေ့ရပါတယ်။

ယခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြပြီး သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံက ပေးချင်တဲ့ သတင်းစကားတွေ မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာ ကိုလည်း တွေ့ရပါတယ်။

ဒီလိုမျိုး ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက် သုံးစွဲသူ စာဖတ်ပရိတ်သတ်တွေအနေနဲ့ အခုလိုမျိုး ကာလမှာ သတင်းတွေကိုဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် ကိုယ့်ဖြန့်ဝေမယ့် သတင်းဟာ သတင်းဌာနတွေမှာ ရှိ/မရှိ တင်/ မတင် သေချာစီစစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ သင့်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...