စစ်သုံးပန်း ၁၅ ဦးကို AA ပြန်လွှတ်၊ မတရားဖမ်းဆီးခံထားရသည့် ပြည်သူများနှင့် AA အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန်ရည်ရွယ်ကြောင်းပြော

စစ်သုံးပန်း ၁၅ ဦးကို AA ပြန်လွှတ်၊ မတရားဖမ်းဆီးခံထားရသည့် ပြည်သူများနှင့် AA အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန်ရည်ရွယ်ကြောင်းပြော

တိုက်ပွဲကာလအတွင်းကဖမ်းဆီးထားသည့် စစ်သုံးပန်း ၁၅ ဦးကို လူသားချင်းစာနာမှုအရ နိုဝင်ဘာလ ၁၅ ရက်နေ့က ပြန်လွှတ်ပေးလိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ ပြောသည်။

အဆိုပါစစ်သုံးပန်း ၁၅ ဦးကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်ကျေးရွာနှင့် ဒီပါရုံကျေးရွာကြားရှိ ကျောက်ကွင်းနေရာအနီးတွင် စစ်တပ်ဖက်မှ ဗိုလ်မှူးဇေခိုင်ဟိန်းထံ လွှတ်ပြောင်းပေးခဲ့သည်ဟုဆိုသည်။

ပြန်လွှတ်ပေးလိုက်သည့် စစ်သုံးပန်း ၁၅ ဦးထဲတွင် စစ်တပ်က အရာရှိအဆင့် ဗိုလ်ကြီးတစ်ဦးပါဝင်ကြောင်းလည်း သိရသည်။

“ကျန်းမာရေးအရ ဆေးကုသဖို့လိုအပ်နေတဲ့သူတွေ၊ စစ်သုံးပန်းအဖြစ်နဲ့ နှစ်ရှည်ထိန်းသိမ်းခံထားရသူတွေကို လူသားချင်းစာနာမှုအရ ကျွန်တော်တို့က လွှတ်ပေးလိုက်တာဖြစ်ပါတယ်"ဟု ဦးခိုင်သုခက ပြောသည်။

ယခုကဲ့သို့ စစ်သုံးပန်းများကို ပြန်လွှတ်ပေးခြင်းမှာ မြန်မာစစ်တပ်မှ မတရားဖမ်းဆီးထိန်းသိမ်းအကျဉ်းချထားသည့် ပြည်သူများနှင့် AA အဖွဲ့ဝင်များကို လွှတ်ပေးရန်ရည်ရွယ်ကြောင်းလည်းဆိုသည်။

"မြန်မာစစ်တပ်ဖက်ကနေ မတရားဖမ်းဆီးထိန်းသိမ်းအကျဉ်းကျထားတဲ့ ကျွန်တော်တို့ရဲ့ပြည်သူတွေ၊ အဖွဲ့ဝင်တွေကိုလည်း ပြန်လွှတ်ပေးဖို့ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ထိန်းသိမ်းထားတဲ့ စစ်သုံးပန်းတွေကို လွှတ်ပေးခဲ့တာဖြစ်တယ်”ဟု ဦးခိုင်သုခက ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲနှစ်နှစ်တာကာလအတွင်း ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိရှိခဲ့သည်။

AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေငြာထားခြင်းကို ရုပ်သိမ်းခဲ့ပြီးနောက်တွင် ရခိုင်က အကြမ်းဖက်အမှုအချို့ကို စစ်ကောင်စီက ရုပ်သိမ်းပေးမှုများရှိလာသည်။

သို့သော် လက္ကာနှင့် ကျောက်ဆိပ်ကျေးရွာသားများကဲ့သို့ ထင်ရှားသည့်အမှုများမှာ လက်ရှိအချိန်ထိ တစ်စုံတစ်တရာထူးမှုမရှိသေးပေ။

မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးလှစောက “အေအေဖက်က တာဝန်ကျေတယ်ဆိုရင် အစိုးရနဲ့ တပ်မတော်ဖက်ကလည်း ဒီဟာတွေကို အမြန်ဆုံးနှောင့်နှေးကြန့်ကြာမှုမရှိဘဲ ရခိုင်ပြည်သူစိတ်ချမ်းသာအောင် ငြိမ်းချမ်းရေးကိုလည်း အထောက်အကူပြုအောင် အမြန်ဆုံးလုပ်ပေးနိုင်ရင်အကောင်းဆုံးပေါ့”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှစ၍ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား နှစ်နှစ်ကျော်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးများရှိခဲ့သလို ရခိုင်ပြည်အတွင်းက ဒေသခံပြည်သူ နှစ်သိန်းကျော်မှာလည်း နေရပ်စွန့်ခွာခဲ့ကြရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...