စစ်ကောင်စီကို ကုလသမဂ္ဂက အစိုးရအဖြစ် အသိအမှတ်ပြုခဲ့တယ် ဆိုတဲ့ သတင်းအမှား ဖြန့်ဝေ

စစ်ကောင်စီကို ကုလသမဂ္ဂက အစိုးရအဖြစ် အသိအမှတ်ပြုခဲ့တယ် ဆိုတဲ့ သတင်းအမှား ဖြန့်ဝေ

စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရကို နိုဝင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အစိုးရတစ်ခုအနေနဲ့ အသိအမှတ်ပြုခဲ့တယ်ဆိုတာနဲ့ အဲဒီအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းတစ်ခုဟာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ Kyaw Thiha ဆိုသူက တပ်မတော် အမှန်တကယ် ချစ်သူများ Facebook Group မှာ ရေးတင်ထားတာကို တွေ့ရပါတယ်။

အဆိုပါရေးသားမှုဟာ သတင်းအမှားသာဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီအစည်းအဝေးအပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်း ထုတ်ပြန်ချက်ထဲမှာ အဲလိုရေးသားထားတာ မတွေ့ရသလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက်ခဲ့ခြင်း မရှိလို့ပဲဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းထုတ်ပြန်ချက်ကို ဒီမှာ https://bit.ly/3DjnlUV ကြည့်လို့ရပါတယ်။

ဒါ့အပြင် လက်ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံထဲမှာ မြန်မာနိုင်ငံ မပါဝင်တဲ့အတွက် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကလည်း အဲ့ဒီအစည်းအဝေးကို တက်ရောက်ခဲ့ခြင်း မရှိသလို တက်ရောက်ဖို့လည်း အကြောင်း မရှိပါဘူး။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများစာရင်းကို ဒီလင့်မှာ https://bit.ly/3kDHQV8 တွေ့နိုင်ပါတယ်။

အခြားတစ်ဖက်ကို ကြည့်မယ်ဆိုရင်လည်း ကမ္ဘာ့ကုလသမဂ္ဂက စစ်ကောင်စီကို လက်ရှိ အချိန်အထိ တရားဝင် အစိုးရအဖြစ် အသိအမှတ်မပြုသေးသလို အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကိုလည်း အသိအမှတ်မပြု သေးတဲ့ ကြားကာလ အနေအထားမျိုးဖြစ်နေတဲ့အတွက် Kyaw Thiha ရဲ့ ရေးသားမှုတွေဟာ သတင်းအမှားဖြစ် တယ်ဆို တာကို စီစစ်တွေ့ရှိရပါတယ်။

Kyaw Thiha ဆိုသူ ရေးသားထားတဲ့ သတင်းကို Like၊ Comment၊ Shares လုပ်သူတွေလည်း ရှိနေတာကို တွေ့ရ ပါတယ်။

ယခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ အဖွဲ့အစည်းတွေကနေ ထုတ်ပြန်ထားတဲ့ သတင်းအမှန် တွေကို အချက်အလက်အမှားတွေ ထည့်ပြီး ပြင်ဆင်ရေးသားမှုတွေ ရှိနေသလို တမင်ရည်ရွယ်ပြီး သတင်း အမှားတွေကို ရေးတင်နေတာတွေလည်း အများကြီး တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်စာမျက်နှာကို သုံးစွဲသူ စာဖတ်ပရိတ်သတ်တွေ အနေနဲ့ အခုလိုမျိုး ကာလမှာ သတင်း တွေကိုဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် သတင်းဌာနတွေမှာ ကိုယ့်ဖြန့် ဝေမယ့် သတင်းဟာ ရှိ/မရှိ တင်/မတင် မှန်/မှား သေချာစိစစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေပေးဖို့ လိုအပ်ပါတယ်။

March 26, 2026
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...