လက်ရှိငြိမ်းချမ်းနေသည့်အနေအထားကို ဆက်လက်ထိန်းသိမ်းထားရန် AA နှင့် အွန်လိုင်းမှတွေ့ဆုံပြီးပြောခဲ့ဟု မစ္စတာဆာဆာကာဝါပြော

လက်ရှိငြိမ်းချမ်းနေသည့်အနေအထားကို ဆက်လက်ထိန်းသိမ်းထားရန် AA နှင့် အွန်လိုင်းမှတွေ့ဆုံပြီးပြောခဲ့ဟု မစ္စတာဆာဆာကာဝါပြော

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်နေသည့်အနေအထားကို ဆက်လက်ပြီးထိန်းသိမ်းထားရန်အတွက် ရက္ခိုင့်တပ်တော်(AA)နှင့် အွန်လိုင်းမှတစ်ဆင့်တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါက ပြောသည်။

နှစ်ဖက်တပ်များအနေဖြင့် အပစ်အခတ်လုံးဝမလုပ်ရန် အောက်ခြေတပ်သားအဆင့်ထိညွှန်ကြားထားရန် နိုဝင်ဘာလ ၁၂ ရက်နေ့တွင်ပြောကြားခဲ့ကြောင်း ယနေ့ရခိုင်ပြည်နယ်ကောင်စီ ဧည့်ဂေဟာ၌ သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် မစ္စတာဆာဆာကာဝါက ပြောသည်။

“အခုလက်ရှိငြိမ်းချမ်းနေတဲ့အနေအထားကို ဆက်လက်ပြီးထိန်းသိမ်းထားနိုင်ဖို့အတွက် တစ်ဖက်နဲ့တစ်ဖက် အပစ်အခတ်လုံးဝ မလုပ်ဖို့၊ တစ်ဖက်နဲ့တစ်ဖက် ဆက်သွယ်ဆောင်ရွက်သွားမယ့်အကြောင်းနဲ့ အပစ်ခတ်လုံးဝမလုပ်ဖို့ကို အောက်ခြေတပ်သားအဆင့်အထိ ညွှန်ကြားထားဖို့အတွက်ကို ပြောကြားထားပြီးဖြစ်တယ်။ နှစ်ဖက်တပ်တွေ လုံးဝထိတွေ့မှုမဖြစ်ပွားအောင် ဆောင်ရွက်သွားမှာဖြစ်တယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများရပ်တန့်ရန် အဓိကကြားဝင်ညှိနှိုင်းပေးခဲ့သည့် မစ္စတာဆာဆာကာဝါသည် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်တွေမြို့သို့ ဒုတိယအကြိမ်အဖြစ် ရောက်ရှိလာသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများရည်ရှည်ရပ်တန့်ထားနိုင်ရန် မြန်မာစစ်တပ်နှင့် AA အကြား နှစ်ဖက်လုံးအကျိုးရှိနိုင်မည့် ဆွေးနွေးမှုများလုပ်ဆောင်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကပြောသည်။

“တကယ်တမ်းစစ်ပွဲတွေကို ရည်ရှည်ရပ်တန့်ထားဖို့ဆိုရင် (ULA/AA)နဲ့ တပ်မတော်ကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်ပြီးတော့လုပ်ဖို့လိုတယ်။ ဂတိဂဝတ်တွေပါတဲ့ တွေ့ဆုံဆွေးနွေးမှုတွေပေ့ါ။ တပ်တွေနေရာယူထားတဲ့အနေအထားတွေ၊ နေရာချထားမှုအနေအထားတွေကို မလုပ်ဆောင်နို်င်ဘဲနဲ့ ရပ်တန့်ထားပါတယ်ဆိုရုံလောက်နဲ့မပြီးဘူး။ နှစ်ဖက်စလုံးက သဘောပေါက်ပြီး ရပ်တန့်ထားမှပဲ သူ့ရဲ့တိုက်တွန်းချက်ဟာ အောင်မြင်မှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် စစ်တွေမြို့မှ IDP ကယ်ဆယ်ရေးစခန်းများကို သွားရောက်လေ့လာခဲ့ပြီးနောက် ပြည်နယ်ကောင်စီဧည့်ဂေဟာတွင် ရခိုင်အမျိုးသားပါတီ(ANP)နှင့် တွေ့ဆုံခဲ့သေးသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း မစ္စတာဆာဆာကာဝါသည် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှမြို့နယ်အချို့ကို ကွင်းဆင်းလေ့လာကာ ရွေးကောက်ပွဲဖျက်သိမ်းခံထားရသည့်မြို့နယ်များတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် တိုက်တွန်းခဲ့သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...