မြန်မာစစ်တပ် ဆက်၍ထိုးစစ်ဆင်လာပါက တိုက်ပွဲဆက်ဖြစ်မည်ဟု AA ပြော

မြန်မာစစ်တပ် ဆက်၍ထိုးစစ်ဆင်လာပါက တိုက်ပွဲဆက်ဖြစ်မည်ဟု AA ပြော

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင်ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲနှင့်ပတ်သက်၍ မြန်မာစစ်တပ်က ဆက်လက်ထိုးစစ်ဆင်လာပါက တိုက်ပွဲဆက်ဖြစ်နေမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ ပြောကြားသည်။

“ရှေ့ဆက်ပြီးတော့ ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ မြန်မာစစ်တပ်အပေါ်မှာဘဲ မူတည်တယ်။ မြန်မာစစ်တပ်ဖက်ကနေပြီးတော့ ဆက်ပြီးတော့ ထိုးစစ်ဆင်လာမယ်ဆိုလို့ရှိရင်တော့ တိုက်ပွဲကတော့ ဆက်ဖြစ်နိုင်တဲ့ အနေအထားရှိတာပေါ့”ဟု ဦးခိုင်သုခက ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့က မောင်တောမြို့နယ် ဝေလာတောင်ဝန်းကျင်မှ AA တပ်ဖွဲ့များရှိနေသည့်နေရာကို မြန်မာစစ်တပ်ဘက်မှ ထိုးဖောက်ဝင်ရောက်လာသည့်အတွက် မိနစ်အနည်းငယ်ကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲကြောင့် ထိခိုက်ကျဆုံးမှုအသေးစိတ်ကို လတ်တလောတွင်မသိရသေးကြောင်း ဦးခိုင်သုခကပြောသည်။

လက်ရှိတွင် နှစ်ဖက်ကြားခံလူများမှတဆင့် ညှိနှိုင်းနေကြပြီး နိုဝင်ဘာလ ၁၀ ရက်နေ့အထိ နှစ်ဖက်တပ်များ စစ်ရေးတင်းမာနေသည့်အနေအထားတွင်ရှိသေးကြောင်း ဦးခိုင်သုခ၏ ပြောကြားချက်အရသိရသည်။

ယခုတိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ တမန်းသားကျေးရွာနှင့် ရေနောက်ငါးသားကျေးရွာတို့မှဒေသခံများမှာ စိုးရိမ်မှုမြင့်တက်လျက်ရှိကြသည်။

တိုက်ပွဲဆက်လက်ဖြစ်ပွားလာပါက မောင်တောဒေသတစ်ခုတည်းမဟုတ်ဘဲ ရခိုင်ပြည်နယ်တစ်ခုလုံးသို့ ကျယ်ပြန့်သွားနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ၂၀၁၈ နှစ်ကုန်ပိုင်းမှ ၂၀၂၀ အောက်တိုဘာလအထိ ၂ နှစ်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် စစ်ဘေးဒုက္ခသည် ၂ သိန်းကျော် နေရပ်စွန့်ခွာခဲ့ရသည်။

ယင်းနောက်ပိုင်း နှစ်ဖက်နားလည်မှုဖြင့် ၁ နှစ်ခန့်ကြာ တိုက်ပွဲများရပ်တန့်နေခဲ့ရာမှ ယခုမောင်တောဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...