ကျန်းမာရေးကိစ္စလိုအပ်ပါက စစ်တွေအောက်စီဂျင်စက်ရုံမှ အခမဲ့ရယူနိုင်

ကျန်းမာရေးကိစ္စလိုအပ်ပါက စစ်တွေအောက်စီဂျင်စက်ရုံမှ အခမဲ့ရယူနိုင်

ကျန်းမာရေးကိစ္စအတွက် အောက်စီဂျင်လိုအပ်ပါက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အောက်စီဂျင်စက်ရုံမှ အခမဲ့ရယူနိုင်ကြောင်း အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

စစ်တွေအောက်ဆီဂျင်စက်ရုုံကိုဖွင့်ပွဲကို ယခုလတွင်ပြုလုပ်မည်ဖြစ်ကြောင်း စစ်တွေအောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီမှ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးတင်အောင်ဦးက DMG သို့ ပြောသည်။

“အောက်ဆီဂျင်စက်ရုံမှာသုံးမယ့် အောက်ဆီဂျင်ထုတ်တဲ့စက်က လက်တလောမရောက်သေးဘူး။ အခုစက်ရုံမှာရှိတဲ့ အောက်ဆီဂျင်ထုတ်တဲ့ စက်အသေးလေးနဲ့လည်ပတ်နေတာ။ စက်ကြီးရောက်လာမှပဲ စက်ရုံဖွင့်ပွဲလုပ်မယ်”ဟု ၎င်းကဆိုသည်။

လက်ရှိမှာ အဆိုပါစက်ရုံမှ တစ်နေ့လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး ၁၈၀ အထိထုတ်လုပ်နေပြီး မှာယူထားသည့် စက်ရောက်ရှိပါက တစ်နေ့လျှင် ၄၀ လီတာအိုး ၂၃၀ အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“အရင်တုန်းကလူတွေ အောက်ဆီဂျင်လိုအပ်မှု အရမ်းမြင့်မားခဲ့တဲ့အတွက် အခုလိုလုပ်ဖြစ်ခဲ့ကြတာပါ။ အလှူရှင်တွေရဲ့ အကူအညီတွေလည်းပါတယ်။ ကနဦးကတည်းက ဆုံးဖြတ်ခဲ့တဲ့အတိုင်း စက်ရုံလည်ပတ်တဲ့အချိန်ကနေစပြီး တစ်နှစ်ပတ်လုံး အခမဲ့ ပေးသွားမှာပါ”ဟု ဦးတင်အောင်ဦးကပြောသည်။

စစ်တွေမြို့အောက်ဆီဂျင်စက်ရုံမှ စစ်တွေမြို့နှင့် အနီးတစ်ဝိုက်ရှိမြို့နယ်များသို့ သြဂုတ်လမှ အောက်တိုဘာလအထိ ၄၀ လီတာ အောက်စီဂျင်အိုးပေါင်း ၃၇၁ လုံး အခမဲ့ကူညီထားပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုလျော့ကျလာသည့်အတွက် အောက်စီဂျင်လိုအပ်မှုနှုန်းမှာလည်း နည်းပါးသွားပြီဖြစ်သည်။

သို့သော် ပြည်သူများအနေဖြင့် ကိုဗစ်စည်ကမ်းချက်များကို လိုက်နာရန်လိုအပ်နေသေးကြောင်း ပြည်နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“လက်ရှိမှာ လူနာက ၂၃ ယောက်လောက်ပဲရှိတော့တဲ့အတွက် အောက်စီဂျင်လိုုအပ်မှုကနည်းသွားပြီ။ ဒါပေမဲ့ ကိုဗစ်ကအရှင်းပျောက်သွားတာမဟုတ်တော့ Mask တပ်တာ၊ လက်ဆေးတာတွေ၊ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာနေတာတွေကိုတော့ ဆက်ပြီးလိုက်နာနေဖို့လိုပါသေးတယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကိုယ်ထူကိုယ်ထအောက်စီဂျင်စက်ရုံများ တည်ဆောက်လာခြင်းကြောင့် အောက်စီဂျင်ရှာဖွေရာတွင် ယခင်ကဲ့သို့ အခက်အခဲမရှိတော့ကြောင်း စစ်တွေအခြေစိုက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမင်းထည်ဝါကပြောသည်။

“အရင်ကဆိုရင် ကျွန်တော်တို့အနေနဲ့ အောက်စီဂျင်တစ်အိုးကို မုံရွာကနေကျပ် ၃၃၀၀၀ အထိပေးဝယ်ခဲ့ရတယ်။ အခုတော့ အဲ့လိုမျိုးတွေမလိုတော့ပါဘူး”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းဖြစ်ပွားချိန်က အောက်စီဂျင်လိုအပ်မှုပမာဏမြင့်တက်ခဲ့သည့်အတွက် စစ်တွေမြို့အပါအဝင် အခြားမြို့နယ်များတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် အောက်စီဂျင်စက်ရုံများကိုထူထောင်ခဲ့ကြသည်။

လက်ရှိတွင် မြို့နယ်(၁၀)ခု၌ အောက်ဆီဂျင်စက်ရုံများရှိနေပြီဖြစ်ကာ ယခုလမှစတင်၍ အောက်စီဂျင်အိုးစုစုပေါင်း ၂၇၁၀၀ အိုးကို လစဉ်ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်။

August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...