CDF-PDF များ အရပ်သား နေအိမ်များ မီးရှို့ဟူသည့် သတင်းမှား ပြန့်နေ

CDF-PDF များ အရပ်သား နေအိမ်များ မီးရှို့ဟူသည့် သတင်းမှား ပြန့်နေ

ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ် CDF-PDF တွေက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့နေတယ် ဆိုတဲ့ ရုပ်သံ သတင်းအမှားတစ်ခုဟာ အခုရက်ပိုင်းအတွင်းမှာ Facebook လူမှုကွန်ရက် စာမှက်နှာမှာ ပြန်နှံ့နေပါတယ်။

အဲဒီ ရုပ်သံသတင်းအမှားကို နိုဝင်ဘာလ ၅ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၅ မိနစ်မှာ Fact Checker Myanmar ဆိုတဲ့ Facebook Page က တင်ထားတာကို တွေ့ရပါတယ်။

(Fact Checker Myanmar) Facebook Page က ရုပ်သံနဲ့အတူ ရေးတင်ထားတဲ့ စာသားတွေကို အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။

“ချင်းပြည်နယ်က ပြည်သူပိုင်အိမ်တွေကို ဘယ် PDF CDF အကြမ်းဖက်တွေ မီးပြန်ရှို့နေတာလဲ သေချာကြည့် ကြ။ ပြီးရင်တပ်ရှိတယ်ဆိုပီး လိမ်တော့မယ် ငပိန်းလေးတွေက”လို့ ရေးသားထားတာပါ။ (Fact Checker Myanmar ရဲ့ မူရင်းအရေး အသားအတိုင်းဖြစ်ပါတယ်)

(Fact Checker Myanmar) Facebook Page က တင်ထားတဲ့ ရုပ်သံကိုလည်း ဒီလင့်ကနေ https://bit.ly/302OCMw ဝင်ကြည့်လို့ရပါတယ်။

အဲဒီ အရေးအသားနဲ့ ရုပ်သံထဲမှာပါတဲ့ အကြောင်းအရာတွေဟာ သတင်းအမှားတွေသာ ဖြစ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ရုပ်သံထဲက အဖြစ်အပျက်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့က KNU/KNLA တပ်မဟာ ၆ က စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို တက်သိမ်းပြီးတော့ မီးရှို့ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်သာ ဖြစ်ပါတယ်။

ရုပ်သံထဲက သူတွေဟာ ကရင်ဘာသာ စကားပြောနေကြတာဖြစ်ပြီး သူတို့တွေဟာ KNLA စစ်သားတွေဖြစ် တယ် ဆိုတာကို စစ်ဆေးတွေ့ရှိရပါတယ်။

KNU/KNLA တပ်မဟာ ၆ ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီး (နို့တကော) မြို့နယ် ခုတ်ခွားကျေးရွာမှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီရဲ့ ကာလိခီးတပ်စခန်းကို KNU/KNLA က သိမ်းပိုက်ခဲ့ပြီး အဲဒီစခန်းကို မီးရှို့ဖျက်ဆီး ခဲ့တယ် ဆိုတဲ့အကြောင်းကို KNU ဒူးပလာယာခရိုင် ပြန်ကြားရေးဌာနက ကရင်ပြည်နယ် အခြေစိုက် KIC သတင်းဌာန ကို ပြောဆိုထားပါတယ်။

KIC သတင်းဌာကို KNU ဒူးပလာယာခရိုင် ပြန်ကြားရေးဌာနက ပြောထားတဲ့အကြောင်း ရုပ်သံသတင်းကို ဒီလင့် မှာ https://bit.ly/3wCL6Vu ကြည့်နိုင်ပါတယ်။

ဒါကြောင့် (Fact Checker Myanmar) Facebook Page က ပြောထားသလိုမျိုး ချင်းပြည်နယ်မှာ CDF-PDF တွေက ပြည်သူတွေရဲ့ အိမ်တွေကို မီးရှို့နေတယ်ဆိုတဲ့ ရုပ်သံသတင်းဟာ သတင်းအမှန်မဟုတ်ပဲ သတင်းအမှားသာ ဖြစ် တယ်ဆိုတာကို အချက်အလက် စစ်ဆေးချက်တွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။

(Fact Checker Myanmar) Facebook Page ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ကမှ ဖွင့်ထားတဲ့ Facebook Page တစ်ခုဖြစ်ပြီး သတင်းတွေကို ပုံစံအမျိုးမျိုးပြောင်းကာ သတင်းအမှားအဖြစ် ဖန်တီးပြီး ရည် ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတဲ့ Page တစ်ခုပဲဖြစ်ပါတယ်။

(Fact Checker Myanmar) Facebook Page က သူတို့အနေနဲ့ “ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော်နေသော သတင်း တုများအား ဖော်ထုတ်ရန်ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံအား ပျက်သုန်းစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော် နေသော သတင်းတုများအား ဖော်ထုတ်ရန်ရည်ရွယ်ပါသည်” လို့လည်း ရေးသားထားပြီး သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေဆီကို ဖြန့်ဝေနေတဲ့ Page ပဲ ဖြစ်ပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းတွေကို ပုံစံအမျိုးမျိုးပြောင်းပြီး သတင်းအမှားတွေအဖြစ် ဖန်တီးနေတဲ့ Fact Checker Myanmar လိုမျိုး Facebook Page တွေ တစ်ခုမကရှိနေနိုင်ပြီး ပြည်သူတွေ အနေနဲ့ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ထပ်ဆင့် ဖြန့်ဝေတော့မယ်ဆိုရင် သတင်းအမှန်လား/ အမှားလား ဆိုတာကို အတည်ပြုပေး နိုင်တဲ့ သတင်းဌာနတွေက တက်လာတဲ့ သတင်းတွေနဲ့ သေချာစီစစ်ပြီးမှသာ ပြန်လည် ဖြန့်ဝေပေးသင့်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...