မောင်တောရွှေစားအုပ်စုတွင် အသတ်ခံထားရသည့် အလောင်းတွေ့ရှိ

မောင်တောရွှေစားအုပ်စုတွင် အသတ်ခံထားရသည့် အလောင်းတွေ့ရှိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ၊ ရွှေစားအုပ်စု၊ ဂွင်ညာကျေးရွာအနီး တွင် အသတ်ခံထားရသည့် အလောင်းတစ်လောင်းကို ဇွန်လ ၁၆ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် မြေကြီးထဲမှ တူးဖော်တွေ့ရှိ ခဲ့သည်ဟု သတင်း ရရှိသည်။

njr1903“ သူ့အလောင်းကို ကားလမ်းနှင့် ၂ မိုင်ခန့်အကွာ ရွှေစားအုပ်စု၊ ဟာဘီရွာနဲ့ ဂွင်ညာကျေးရွာအနီး ကူးတို့ဆိပ် ဝန်းကျင်ရှိ အာဘူဖိုင်ယား ပုဇွန်ကန်အတွင်း မြေထဲမှာ မြုပ်ပြီး တွေ့ရတာပါ။ မိုးအဆက်မပြတ်ရွာတော့ မြေတွေပြိုကျပြီး အလောင်းရဲ့ လက်တစ်ဖက်ထွက်ပေါ်ရာကနေ အလောင်းကို တွေ့ရှိခဲ့ရတာပါ” ဟု တာဝန်ရှိ နယ်ခြားစောင့်ရဲအရာရှိ တစ်ဦးက ပြောသည်။

အလောင်းမှာ ဇွန်လ ၁၅ ရက်နေ့ ည ၉ နာရီခန့်တွင် ရွာမှ ပျောက်ဆုံးနေသူ ဂွင်ညာကျေးရွာမှ အဘူနာဆဲလ် (၃၅)နှစ် (ဘ) အဘူကာဆိမ်းဖြစ်ကြောင်း၊ သူ့အား လိုက်ရှာရာမှ ယနေ့ နံနက် ၈ နာရီခန့်တွင် တွေ့ရှိခြင်း ဖြစ်သည်ဟု ဆိုသည်။

“ ရွာသားတွေက သူရွာကနေ ထွက်သွားပြီး ပြန်မလာတော့ ဒီနေ့ မနက်မှာ လိုက်ရှာကြတယ်။ ဟာဘီရွာနဲ့ ဂွင်ညာ အနီး ပုဇွန်ကန်မှာ အလောင်းတစ်လောင်း တွေ့ရှိတယ်ဆိုတဲ့ သတင်းကြားတဲ့ အတွက် လိုက်ရှာကြသူတွေက မြေကြီးကို တူးဖော်ကြည့်တော့ ပျောက်ဆုံးနေသော အဘူနာဆဲလ် ဖြစ်နေပါတယ်။ ဒါနဲ့ သူတို့ နယ်မြေစခန်းကို အကြောင်းကြားလာတဲ့ အတွက် နယ်ခြားစောင့်တပ်က အလောင်း တွေ့ရှိတဲ့ နေရာကို သွားရောက်စစ်ဆေးပြီး အလောင်းကို ဖော်ယူ ခဲ့ပါတယ်။ လည်ပင်းမှာ ပြတ်ချဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရပါတယ်” ဟု သူက ဆိုသည်။

အသတ်ခံရသူ အဘူနာဆဲလ် အလောင်းအား ယနေ့ နေ့လယ် ၂ နာရီအချိန်တွင် မောင်တော ခရိုင် ဆေးရုံကြီးသို့ ရင်ခွဲ စစ်ဆေးရန် နယ်မြေခံ ရဲက ပို့ဆောင် ခဲ့သည်ဟု သိရသည်။

အမူမှန်ပေါ်ပေါက်ရေးနှင့် တရာခံဖမ်းမိရေးအတွက် နယ်မြေခံရဲက စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...