ဘင်္ဂလားဒေ့ရှ်- မြန်မာ အလံတင်အစည်းအဝေးတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား လွဲပြောင်း

ဘင်္ဂလားဒေ့ရှ်- မြန်မာ အလံတင်အစည်းအဝေးတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား လွဲပြောင်း
by -
နိရဥ္စရာ
မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူများ၏ နှစ်နိုင်ငံ အလံတင် ဆွေးနွေးပွဲကို ဇွန် ၁၅ ရက်နေ့က ကျင်းပခဲ့ရာ ၎င်းဆွေးနွေးပွဲ အပြီးတွင် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာ အကျဉ်းထောင်ထဲမှ လွတ်မြောက်လာသူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၁၉ ဦးကို လွဲပြောင်း ပေးအပ်ခဲ့သည်ဟု နယ်ခြားစောင့် တပ်ဖွဲ့ သတင်းမှတ်တမ်း အရသိရသည်။

၎င်းအလံတင် ဆွေးနွေးပွဲကို မောင်တောခရိုင် မြောက်ပိုင်း တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇွန်လ ၁၅ ရက် မြန်မာစံတော်ချိန် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် စတင်ကျင်းပခဲ့သည်။

မြန်မာဘက်မှ လဝက ဒုတိယ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းရွှေ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ကော့စ်ဘဇား အခြေစိုက် အမှတ်(၃၄) နယ်ခြားစောင့် တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး Manzur Hossain Khan ဦးဆောင်သော အဖွဲ့တို့ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

အလံတင် ဆွေးနွေးပွဲကို အခမ်းအနားတွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များ အနေဖြင့် နယ်စပ် ဒေသ တည်ငြိမ်ရေး ကိစ္စ၊ မူးယစ်ဆေးဝါး နှိမ်နှင်းရေးကိစ္စ၊ လက်နက်ကိုင် အဖွဲ့များနှိမ်နှင်းရေးကိစ္စ၊ နယ်စပ်ဖြတ်ကျော် လူဝင်လူထွက် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိသည်။

njr1901

၂၁ ရာစု ပင်လုံကို ကြိုဆိုသော အားဖြင့် မြန်မာနိုင်ငံ သမ္မတ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွတ်လာသည့် ဘင်္ဂလာဒေ့ရ် နိုင်ငံသား(၁၉)ဦးအား လွဲပြောင်း လက်ခံ စာအုပ်တွင် လက်မှတ်ရေးထိုးကြကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အရ အပြန်အလှန် လက်ဆောင်များပေးအပ်ကြကြောင်း၊ မှတ်တမ်းတင် ဓါတ်ပုံများလည်း ချစ်ကြည်ရေး တံတားပေါ်တွင် ရိုက်ကူးခဲ့ကြကြောင်း၊ ဘင်္ဂလာဒေ့ရှ် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေဟု အပြန်အလှန် ဆုတောင်းမေတ္တာပို့သခဲ့ကြကြောင်း၊ ပြီးနောက် ဘင်္ဂလားဒေရှ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့အား ပြစ်ဒဏ်လွတ်ဘင်္ဂလာဒေရှ် နိုင်ငံသား(၁၉)ဦးအား လွဲပြောင်းရာ နေ့လယ် ၁ နာ ရီအချိန်တွင် သူတို့ နိုင်ငံသို့ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မေလ ၂၄ ရက်နေ့က ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၃၃ ဦး လွတ်မြောက်ခဲ့ရာ တနင်္သာရီတိုင်းမှ လွတ်လာ ၅ ဦးကို ဇွန်လ ရ ရက် နေ့က ဘီမန် လေကြောင်းဖြင့် ရန်ကုန်မှ ဒက္ကားမြို့သို့ လည်းကောင်း၊ သံတွဲ ထောင်မှ လွတ်လာသူ ၉ ဦးကို ဇွန်လ ၁၂ ရက်နေ့ကလည်းကောင်း ရန်ကုန် လေဆိပ်မှ လေယာဉ်ပျံဖြင့် ဒက္ကားသို့ ပို့ဆောင်ပေးခဲ့သည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...