ကယားတွင် လီဆူပါတီ ရွေးကောက်ပွဲဝင်ရန် ပါတီရုံးဖွင့်လှစ်

ကယားတွင် လီဆူပါတီ ရွေးကောက်ပွဲဝင်ရန် ပါတီရုံးဖွင့်လှစ်
by -
ကန္တာရဝတီတိုင်း(မ်)
အခမ်းအနား၌တွေ့ရသော လီဆူတိုင်းရင်းသား တချို့ (ဓါတ်ပုံ-ကေတီ)
အခမ်းအနား၌တွေ့ရသော လီဆူတိုင်းရင်းသား တချို့ (ဓါတ်ပုံ-ကေတီ)
ကယားပြည်နယ်တွင် လီဆူးလူမျိုးများ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ဇွန်လ ၁၁ ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ ကယန်းသာယာ(မြောက်)ကျေးရွာတွင် ပထမအကြိမ် လီဆူအမျိုးသား ဖွံ့ဖြိုးတိုုးတက်ရေးပါတီ (ဒူးလေးပါတီ) (Lisu National Development Party - L.N.D.P) ပါတီရုံးကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်ဟု သိရသည်။

ကယားပြည်နယ်တွင်း နေထိုင်ကြသည့် လီဆူလူမျိုးများ တစုတစည်းတည်းဖြစ်ရန်၊ နိုင်ငံရေး အမြင်ကျယ်စေရန်၊ လွတ်တော်တွင်း ဝင်ရောက်နိုင်စေရန် ရည်ရွယ်၍ ပါတီရုံး ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု ဥက္ကဌ ဦးရွေမင်း(ခ)ဆီဖာလာလူးက ပြောသည်။

၎င်းက "ဒါမှပဲ ကိုယ့်ရဲ့လူမျိုးအရေး၊ ပြည်သူ့အရေး၊ ပါတီအရေးတို့တင်ပြသွားနိုင်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ ကယားကိုပြည်နယ်အဆင့် ဖွဲ့စည်းခြင်းဖြစ်ပါတယ်" ဟု ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ရန် ကယားပြည်နယ်ရှိ တိုင်းရင်းသားပါတီများနှင့်အတူ ချိတ်ပြီး လက်တွဲသွားမည်ဟု L.N.D.P ပါတီဝင် ဦးစိုးမိုးဝင်းက ပြောပါသည်။

"တစ်ပါတီစနစ်နဲ့လည်း သွားလို့မဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ပါတီတွေနဲ့ ညှိနှိုင်းပြီးတော့မှ ပူးပေါင်းလက်တွဲဖို့ အစီအစဉ်ရှိပါတယ်"ဟု ဦးစိုးမိုးဝင်းက ပြောသည်။

လီဆူလူမျိုးများသည် ကချင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တွင် အများဆုံးနေထိုင်ကြပြီး ကယားပြည်နယ်တွင် လီဆူကျေးရွာ (၃) ရွာရှိပြီး လူဦးရေ (၄၀၀)ကျော်ရှိကြောင်း သိရပါသည်။

၄င်းအခမ်းအနားတွင် ပြည်နယ်တွင်းရှိ ဒေသခံတိုင်းရင်းသား ပါတီကိုယ်စားလှယ်များ၊ ကြံ့ခိုင်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကယားပြည်နယ်ပါတီမှ ကိုယ်စားလှယ်များ လူဦးရေ (၅၀) ကျော်တက် ရောက်ခဲ့ပါသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...